ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသစ်သည် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက်လည်ပတ်စဉ် ဂါဇာကမ်းမြောင်တွင် အပစ်အခတ်ရပ်စဲရန် ပန်ကြား

(GMT+08:00)2024-07-16 10:38:39  

ဒေသစံတော်ချိန် ဇူလိုင်လ ၁၅ ရက်နေ့တွင် အရှေ့အလယ်ပိုင်းဒေသသို့ အလည်အပတ် ရောက်ရှိနေသော ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးသစ် David Lamy သည် အစ္စရေးသမ္မတ Herzog နှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် Lamy က ဂါဇာကမ်းမြောင်ဒေသ၌ လက်ရှိကြုံတွေ့နေရသော အခက်အခဲများ နှင့် အသက်ဆုံးရှုံးမှုများ သက်သာစေရန် ဂါဇာကမ်းမြောင် တွင် အပစ်အခတ် ရပ်စဲရေးကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရန် ပန်ကြားခဲ့ပြီး ဗြိတိန်နိုင်ငံသည် ဂါဇာဒေသတွင်းရှိ ၎င်းတို့၏လုပ်ငန်းများအတွက် ဆေးဘက်ဆိုင်ရာ ပရဟိတ အဖွဲ့များသို့ နောက်ထပ် ပေါင် ၅.၅ သန်း ထောက်ပံ့ပေးမည်ဟုလည်း ပြောကြားခဲ့သည်။