တရုတ်-အီရန်ဘက်စုံမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေး ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် အီရန်အစိုးရသစ်နှင့်အတူ ကြိုးပမ်းလိုသည်ဟု တရုတ်ဆို

(GMT+08:00)2024-07-16 11:44:47  

ဇူလိုင်လ ၁၅ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်ကျန့်က တရုတ်-အီရန် ချစ်ကြည်ရေးအစဉ်အလာ ရေရှည်ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံမှုထားရှိခဲ့သည့် ရာစုနှစ်ဝက်ကျော်အတွင်း နှစ်ဖက်ဆက်ဆံမှု တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ ရှုပ် ထွေးပွေလီသော ဒေသတွင်းနှင့်နိုင်ငံတကာ အခြေအနေနှင့် ရင်ဆိုင် ရာ၌ တရုတ်နှင့် အီရန်တို့သည် အမြဲတမ်း အပြန်အလှန် ထောက်ခံအားပေးပြီး အေးအတူ ပူအမျှ ဆောင်ရွက်ကြကြောင်း၊ မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှုကို အစဉ်တစိုက် ခိုင်မာစေပြီး နယ်ပယ် အသီးသီးမှ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကူးလူးဆက်ဆံရေးကို အားသစ် လောင်းပေးကာ နိုင်ငံတကာ၊  ဒေသတွင်းနှင့် နိုင်ငံတကာ ရေးရာများနှင့်ပတ်သက်၍ ကောင်းမွန်စွာ ညှိနှိုင်း ဆွေးနွေးရေးကို ထိန်းသိမ်းထားကြောင်း၊ တရုတ်နှင့်အီရန် ပြည်သူများ၏ ချမ်းသာသုခမှုကို အကျိုးပြု စွမ်းဆောင် သည့် အပြင် နိုင်ငံတကာနှင့်ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုအတွက်လည်း အပြုသဘော ဆောင် သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း၊ တရုတ်နိုင်ငံအနေနှင့် တရုတ်-အီရန် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို လွန်စွာ အလေးထားပြီး နှစ်ဖက် ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် အီရန်အစိုးရသစ်နှင့်အတူ ဆက်လက် ကြိုးပမ်း ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။