နွေရာသီကျောင်းပိတ်ရက်အတွင်း ရုပ်ရှင်လက်မှတ်ရောင်းရငွေ စုစုပေါင်း ယွမ်ငွေ ၄ ဘီလီယံ ကျော် ရှိ

(GMT+08:00)2024-07-15 12:56:36  

နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း သည်းထိတ် ရင်ဖို၊ ကာတွန်း၊ ဟာသ၊ သိပ္ပံစိတ်ကူး ယဉ်စသည့် ရုပ်ရှင်ဇာတ်ကားသစ်များကို ပြသနေပြီး ပရိသတ် များအား ကြိုက်နှစ်သက်ရာ  ရုပ်ရှင်ဇာတ်ကားများ ရွေးချယ် ကြည့်ရှုနိုင်ရန် ဆောင်ရွက်ပေးထားပါသည်။ ဇူလိုင်လ ၁၄ရက် နေ့ မွန်းလွဲ ၁နာရီ ၃၁ မိနစ်အချိန်ထိ ၂၀၂၄ခုနှစ် နွေရာသီကျောင်းပိတ်ရက်(ဇွန်လမှ သြဂုတ်လ အထိ) ရုပ်ရှင်လက်မှတ်ရောင်းရငေွ (ကြိုတင်ရောင်းချမှုအပါအဝင်) စုစုပေါင်း ပမာဏ တရုတ်ယွမ် ၄ ဘီလီယံ ရှိပြီဖြစ်ပါသည်။ လက်ရှိအချိန်အထိ ပြန်လည်ပြသသည့် ရုပ်ရှင် အပါအဝင် ရုပ်ရှင်ဇာတ်ကား ပေါင်း ၆၉ကား ပြသနေပြီး ၎င်းတို့အနက် ရုပ်ရှင် လက်မှတ် ရောင်း ရငွေ ယွမ်သန်း ၁၀၀ ကျော်ရှိသော ရုပ်ရှင် ၁၃ကား ပါဝင်ပါသည်။