စပိန်ဘောလုံးအသင်းသည် ၂၀၂၄ခုနှစ် ဥရောပဖလားချန်ပီယံ ဆု ရရှိ

(GMT+08:00)2024-07-15 12:40:45  

ဒေသစံတော်ချိန် ဇူလိုင်လ ၁၄ရက်နေ့က ဂျာမဏီနိုင်ငံ ဘာလင်မြို့၌ ကျင်းပခဲ့သော ၂၀၂၄ခုနှစ် ဥရောပဖလား ဗိုလ်လုပွဲတွင် စပိန်သင်းသည် ၂-ဂိုး ၁-ဂိုးဖြင့် အင်္ဂလန်အသင်းကို အနိုင်ရရှိပြီး ချန်ပီယံဆု ရရှိခဲ့ပါသည်။

ယင်းမတိုင်မီ စပိန်အသင်းသည် ၁၉၆၄ခုနှစ်၊ ၂၀၀၈ခုနှစ် နှင့် ၂၀၁၂ခုနှစ်တုန်းက ဥရောပဖလား ချန်ပီယံဖလား ၃ ကြိမ် ဆွတ်ခူးရရှိခဲ့ကြောင်း၊ အင်္ဂလန်အသင်းသည် ယခုအချိန်ထိ ဥရောပဖလားချန်ပီယံဆု မရရှိခဲ့ဖူးကြောင်း သတင်းအရ သိရှိရပါသည်။