ရှင်းကျန်း လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန်၏ သွင်း ကုန် ပို့ကုန်တန်ဖိုးသည် လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်ကထက် ၄၈.၄ ရာခိုင်နှုန်း တိုးလာ

(GMT+08:00)2024-07-15 12:59:48  

လွန်ခဲ့သည့်နှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံ ၂၂ ခုမြောက် လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန်ဖြစ်သော ရှင်းကျန်း လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန်ကို စတင် ထူထောင်ခဲ့ပြီး ယင်းသည် တရုတ်နိုင်ငံ အနောက်မြောက်နယ်စပ်ဒေသတွင် ပထမဆုံး လွတ်လပ်သောကုန်သွယ်ရေး စမ်းသပ်ဇုန်လည်း ဖြစ်ပါသည်။ Urumqi အကောက်ခွန်ဌာနမှ စာရင်းဇယားများအရ ယခုနှစ် ပထမနှစ်ဝက်တွင် ရှင်းကျန်း၏ သွင်းကုန်ပို့ကုန်စုစုပေါင်း တန်ဖိုးသည် ယွမ် ၂၂၀.၆၃ ဘီလီယံရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်း ကထက် ၄၈.၄ ရာခိုင်နှုန်းတိုးလာကာ တရုတ်နိုင်ငံတစ်ပြည်လုံး၏ တိုးတက်မှုနှုန်းထက် ၄၂.၃ ရာခိုင်နှုန်း ပိုများကြောင်း သိရပါသည်။