၂၀၂၄ခုနှစ် ပါရီ အိုလံပစ် မီးရှူးတိုင် လက်ဆင့်ကမ်းခြင်း ကို ပါရီတွင် စတင်

(GMT+08:00)2024-07-15 13:11:58  

ဒေသစံတော်ချိန် ယခုလ ၁၄ ရက်နေ့ ညနေ ၁ နာရီတွင် ၂၀၂၄ခုနှစ် ပါရီအိုလံပစ် မီးရှူးတိုင် လက်ဆင့်ကမ်းခြင်းကို ပါရီမြို့၌ စတင်ခဲ့ပါသည်။

ပါရီအိုလံပစ် မီးစကို ၂ လကျော်ကြာအတွင်း လက်ဆင့်ကမ်း ခြင်း အဆင့်  ၆၈ ဆင့် ပြီးတဲ့ နောက် ပါရီမြို့သို့ရောက်ရှိပြီး၊ ဇူလိုင် လ ၁၄ ရက်နေ့က ပြင်သစ်နိုင်ငံအမျိုးသားနေ့ စစ်ရေးပြ အခမ်းအနားတွင် ပြသကာ၊  နောက်ဆုံးအဆင့် မီးရှူးတိုင်လက်ဆင့်ကမ်းခြင်း ကို စတင်ခဲ့သည် ဟု သိရပါသည်။