သမိုင်းပေးတာဝန်

(GMT+08:00)2024-07-15 19:35:25  

တရုတ်ကွန်မြူနစ်ပါတီရဲ့ ၁၈ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပါတီညီလာခံ ကျင်းပခဲ့ချိန်မှစပြီး အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်ဟာ ကြီးမားတဲ့ နိုင်ငံရေးသတ္တိနဲ့ တာဝန်သိတတ်မှုဖြင့် ဘက်စုံနက်ရှိုင်းစွာပြုပြင်ပြောင်းလဲရေးကို ဦးဆောင်ခဲ့ကာ တရုတ်ဝိသေသဆောင်တဲ့ ဆိုရှယ်လစ်စနစ်လုပ်ငန်းစဉ်ရဲ့ အခြေအနေသစ်ကို ဖန်တီးခဲ့ပါတယ်။

ဆယ်နှစ်ကျော်ကာလအတွင်း အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်ဟာ နိုင်ငံတစ်ဝန်း မိုင်ပေါင်းများစွာသွားလာခဲ့ပြီး မြို့ပြကနေ ကျေးလက်အထိ၊ အလုပ်ရုံကနေ လယ်ကွင်းထဲအထိ သွားရောက်ခဲ့ပါတယ်။ ပြည်သူများနဲ့ ထိတွေ့ဆက်ဆံပြီး အရေးကိစ္စများကို ဖြေရှင်းနိုင်မယ့် အဓိကသော့ချက်ကို စူးစမ်းရှာဖွေခဲ့ပါတယ်။ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်ဟာ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေး ဗဟိုဦးဆောင်အဖွဲ့နဲ့ ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေး ဗဟိုကော်မတီ အစည်းအဝေး အကြိမ် ၇၀ ကျော်ကို ကိုယ်တိုင်ဦးဆောင်ကျင်းပခဲ့ပြီး နယ်ပယ်ကဏ္ဍတိုင်းမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ခဲ့ကာ အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တိုင်းကို သေသေချာချာ စိစစ်ဖတ်ရှုပြီး ကိုယ်တိုင်ပြင်ဆင်ပေးခဲ့ပါတယ်။ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်ရဲ့ ကိုယ်တိုင်ကိုယ်ကျ စီမံရေးဆွဲမှု၊ နေရာချထားမှု၊ တွန်းအားပေးစေ့ဆော်မှု တို့ကြောင့် ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို အခိုင်အမာ ရှေ့သို့ဆက်တိုးနိုင်ခဲ့ပါတယ်။ စီးပွားရေးစနစ် ပြုပြင်ပြောင်းလဲမှုကို အရှိန်အဟုန်နဲ့ လုပ်ဆောင်ခဲ့ပြီး နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲမှုကို နက်ရှိုင်းစွာ အဆက်မပြတ် လုပ်ဆောင်ခဲ့ပါတယ်။ ယဉ်ကျေးမှုစနစ် ပြုပြင်ပြောင်းလဲခြင်းဖြင့် ရှင်သန်တက်ကြွမှုများကို လှုံ့ဆော်ပေးခဲ့ပြီး ဂေဟယဉ်ကျေးမှုစနစ် ပြုပြင်ပြောင်းလဲမှုကို ခိုင်မာအားကောင်းစွာ ဆောင်ရွက်ခဲ့ပါတယ်။ ကာကွယ်ရေးနဲ့ တပ်မတော် ပြုပြင်ပြောင်းလဲမှုကိုလည်း ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့ပါတယ်။ ပြဿနာများကိုဦးတည်ပစ်မှတ်ထားကာ ဖြေရှင်းပေးပါတယ်။

 “တရုတ်ပြည်သူများ ပျော်ရွှင်ချမ်းမြေ့စေရေး၊ တရုတ်လူမျိုး ဖွံ့ဖြိုးတိုးတက်စေရေး ဆိုတာ တရုတ်ကွန်မြူနစ်ပါတီရဲ့ မူလရည်မှန်းချက်နဲ့ သမိုင်းပေးတာဝန်ဖြစ်ပြီး ပြုပြင်ပြောင်းလဲမှုနဲ့ တံခါးဖွင့်လှစ်မှုလုပ်ငန်းကြီးရဲ့ မူလရည်မှန်းချက်နဲ့ သမိုင်းပေးတာဝန်လည်း ဖြစ်ပါတယ်။” ခရီးစဉ်သစ်မှာ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင်က တရုတ်ပြည်သူ ၁.၄ ဘီလီယံကို ဦးဆောင်ပြီး ခေတ်သစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို ပိုမိုအားကောင်းစေတဲ့ စာမျက်နှာသစ်များကို အတူတကွရေးသားသွားမှာဖြစ်ပါတယ်။