အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာ စုံညီ အစည်းအဝေး ဘေကျင်း၌ စတင် ကျင်းပ

(GMT+08:00)2024-07-15 13:56:52  

  အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ တတိယ အကြိမ် မျက်နှာ စုံညီ အစည်းအဝေးကို ဇူလိုင်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ဘေကျင်း၌ စတင် ကျင်းပခဲ့သည်။ ပါတီဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး ရှီကျင့်ဖိန်သည် ပါတီဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကိုယ်စား မျက်နှာစုံညီအစည်းအဝေးတွင် လုပ်ငန်းအစီရင်ခံစာကို ဖော်ပြပြီး ပြုပြင်ပြောင်းလဲရေးကို တစ်ဆင့်တိုး ဘက်စုံ ဇောက်ချပြုလုပ်ရေး၊ တရုတ်အသွင်ပုံစံ ခေတ်မီရေး တွန်းအားပေးရေးဆိုင်ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်မူကြမ်းနှင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ပါသည်။