တောင်တရုတ်ပင်လယ် သန္တာကျောက်တန်းထိန်းသိမ်းကာကွယ်ရေးမှာ အနောက်မြောက်ပိုင်း-ပိုလီတက္က နစ် တက္ကသိုလ်မှ ထုတ်လုပ်သော ဘိုင်အိုနစ် “ငါးလက်ထုံ” ဖြင့် အကူအညီယူ

(GMT+08:00)2024-07-14 22:43:46  

“ပင်လယ်ရေအောက် အပူပိုင်းမိုးသစ်တော” လို့ တင်စားခံရတဲ့ သန္တာကျောက်တန်းဟာ အဏ္ဏဝါ ဂေဟဗေဒစက်ဝန်းထဲက အရေးပါသောကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်ဟာ တရုတ်နိုင်ငံရဲ့သန္တာကျောက်တန်းအကြွယ်ဝဆုံး ပင်လယ်ရေပိုင်နက်ဖြစ်ပါတယ်။ ဒီ “အပူပိုင်း မိုးသစ်တော” ကို ထိန်းသိမ်းကာကွယ်ဖို့ အနောက်မြောက်ပိုင်း-ပိုလီတက္ကနစ် တက္ကသိုလ် (Northwestern Polytechnical University) မှ စမ်းသပ်ထုတ်လုပ်သော ငါးလက်ထုံပုံစံ ဘိုအိုမန်မက်တစ် ရေငုပ်စက်ရုပ် (a biomimetic robot in the shape of a manta ray) က အဖြေပေး သွားနိုင်လိမ့်မယ်ထင်ပါတယ်။