ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အတူမျှဝေရန် လုပ်ဆောင်ရေးဖိုရမ် ဒုတိယအကြိမ် အဆင့်မြင့်အစည်းအဝေးကို ဘေကျင်း၌ ကျင်းပ

(GMT+08:00)2024-07-14 17:07:23  

ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အတူမျှဝေရန် လုပ်ဆောင်ရေးဖိုရမ် ဒုတိယအကြိမ် အဆင့်မြင့်အစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ဘေကျင်းမြို့တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် နိုင်ငံအသီးသီးမှ အစိုးရအရာရှိများ၊ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ပညာရှင်များသည် ကုလသမဂ္ဂ ၂၀၃၀ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်နိုင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတက်ရောက်သူများက လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုသည် ရာသီဥတုပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှု၊ ပညာရေးနှင့် ကျန်းမာရေး အရင်းအမြစ်များ မမျှတမှုစသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့က ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုများကို စုစည်းပြီး ခိုင်မာသော မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ရန် ပန်ကြားခဲ့ကြပါသည်။