#LeadersTalk ဂင်းနစ်ဗစ်ဆောနိုင်ငံသမ္မတ အုမာရို ဆစ်ဆိုကို အမ်ဘာလို က တရုတ်အသွင်ပုံစံ ခေတ်မီမှုကို ချီးကျူးစကားပြော

(GMT+08:00)2024-07-14 21:25:00  

မကြာသေးမီက ဂင်းနစ်ဗစ်ဆောနိုင်ငံသမ္မတ အုမာရို ဆစ်ဆိုကို အမ်ဘာလို (Umaro Sissoco Embaló) က CMG သတင်းဌာနရဲ့အင်တာဗျူးတစ်ခုမှာ တရုတ်နိုင်ငံရဲ့လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုဟာ ကမ္ဘာ့စံနမူနာဖြစ်ပြီး ဒါဟာ သံသယဖြစ်ဖွယ်မရှိသော အမှန်တရားပါလို့ ပြောကြားသွားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်သော စွမ်းရည်ကို မည်သူမှ သံသယမေးခွန်းထုတ်ဖို့ မလိုကြောင်း၊ ယခု အချိန်မှာ နိုင်ငံတကာ သံတမန်ဆက်ဆံရေးဖြစ်စေ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ဖြစ်စေ တရုတ်နိုင်ငံဟာ တစ်ကမ္ဘာလုံးရဲ့စံပြဖြစ်နေပြီး ဖြစ်ကြောင်း၊ တရုတ်နိုင်ငံရဲ့သိသာထင်ရှားသော ပြောင်းလဲမှုနှင့်တိုးတက်မှု များကို တရုတ်နိုင်ငံကို ပြန်လာတဲ့သူတိုင်း မြင်တွေ့ရမှာဖြစ်ကြောင်း၊ ဒါဟာ တရုတ်အစိုးရနဲ့တရုတ်နိုင်ငံ သားများရဲ့နိုင်ငံတည်ဆောက်မှုစွမ်းရည်ကို လက်တွေ့ပြသခဲ့တာဖြစ်ပါတယ် လို့ ပြောသွားခဲ့ပါတယ်။ ပါတယ်။ ထို့အပြင် တရုတ်နိုင်ငံသားများဟာ ကမ္ဘာအရပ်ရပ်ကို ရောက်ရှိနေပြီး ဥရောပတိုက်ဖြစ်စေ၊ အာရှတိုက် ဖြစ်စေ၊ အာဖရိကတိုက်ဖြစ်စေ အမေရိကားတိုက်ဖြစ်စေ၊ နေရာတိုင်းမှာ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့ အရာများ ရှိနေပါတယ်။ တရုတ်နိုင်ငံဟာ အာဖရိကတိုက်ရဲ့အရေးပါသော မိတ်ဖက်နိုင်ငံဖြစ်နေခဲ့ပါပြီ။ အထူးသဖြင့် အာဖရိကတိုက်မှာ ကျွန်တော်တို့ ဘယ်နေရာကိုပဲရောက်ရောက် တရုတ်နိုင်ငံသားများနဲ့ အစိုးရတို့ရဲ့ အရေးပါသော ပံ့ပိုးကူညီမှုများကို မြင်တွေ့ရနိုင်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။