၂၆ ကြိမ်မြောက် ပေကျင်း သိပ္ပံနှင့် နည်းပညာ ကုန်စည်ပြပွဲဖွင့်လှစ်

(GMT+08:00)2024-07-14 17:08:53  

၂၆ ကြိမ်မြောက် ပေကျင်းသိပ္ပံနှင့် နည်းပညာကုန်စည်ပြပွဲကို ဇူလိုင်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ပေကျင်းအမျိုးသားကွန်ဗင်းရှင်းစင်တာ၌ ဖွင့်လှစ်ခဲ့သည်။ ယခုနှစ် သိပ္ပံနှင့်နည်းပညာ ကုန်စည်ပြပွဲတွင် ခေတ်မီနည်းပညာ၊ ထွန်းသစ်စစက်မှုလုပ်ငန်းများနှင့် အနာဂတ်စက်မှုလုပ်ငန်းများကို အဓိကထားပြီး ပြပွဲတွင် ပါဝင်ရန် ပြည်တွင်းပြည်ပမှ ကုမ္ပဏီ ၃၀၀ ကျော်ကို ဆွဲဆောင်ခဲ့သည်။ ပွဲဦးထွက် ၃၀၀ အပါအဝင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု အောင်မြင်မှုရလဒ် ၁၀၀၀ ခန့်ကို ပြသခဲ့ပါသည်။