ထိုင်းနိုင်ငံတွင် "Chinese Bridge"ကမ္ဘာ့တက္ကသိုလ်ကျောင်းသားများတရုတ်ဘာသာစကားစွမ်းရည်ပြိုင်ပွဲ ကျင်းပ

(GMT+08:00)2024-07-14 17:09:52  

ထိုင်းနိုင်ငံ၌ ၂၃ ကြိမ်မြောက်  "Chinese Bridge"ကမ္ဘာ့တက္ကသိုလ်ကျောင်းသားများ တရုတ်ဘာသာစကားစွမ်းရည် ပြိုင်ပွဲ ကို ၁၃ ရက်နေ့က Rangsit တက္ကသိုလ်တွင် ကျင်းပခဲ့သည်။ ထိုင်းတက္ကသိုလ်များမှ ကျွမ်းကျင်ပညာရှင်များနှင့်ဆရာဆရာမများ၊ ကွန်ဖြူးရှပ် အင်စတီကျုမှ ကျောင်းအုပ်ကြီးများ၊ ပြိုင်ပွဲဝင်များအပါအဝင် လူ ၅၀၀ ကျော် ပါဝင်ပြီး ကြည့်ရှုအားပေးခဲ့ကြသည်။ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အယောက် ၃၀ က "One World, One Home" ကို အဓိကဆောင်ပုဒ်အဖြစ် ကျပန်း ပြောကြားခဲ့ပြီး ကျွမ်းကျင်ပညာရှင်များ၏မေးခွန်းများကို ဖြေကြားခဲ့ကြပါသည်။ အနုပညာစွမ်းရည်ပြပွဲတွင် ပြိုင်ပွဲဝင်အချို့က ပီကင်းအော်ပရာ၊ Huangmei အော်ပရာစသည်တို့ကိုဖျော်ဖြေခဲ့ပြီး ပြိုင်ပွဲဝင်အချို့က ထိုက်ကျိ၊လက်ရေးလှ၊ တရုတ်ရိုးရာတူရိယာနှင့် အခြားသော တရုတ်ရသပါသော စွမ်းရည်များကို ပြသခဲ့ကြသည်။