ယခုနှစ်တရုတ်နိုင်ငံတစ်ဝှမ်း၌ နွေရာသီစားနပ်ရိက္ခာအထွက်ကောင်းပြီး စုစုပေါင်း ထွက်ရှိမှုပမာဏ တန်ချိန် ၁၄၉.၇၈သန်းရှိ

(GMT+08:00)2024-07-14 17:10:25  

တရုတ်နိုင်ငံတော်စာရင်းအင်းဦးစီးဌာနမှ ၁၂ရက်နေ့ထုတ်စာရင်းအရ ၂၀၂၄ခုနှစ် တရုတ် နိုင်ငံတစ်ဝှမ်း၌ နွေရာသီစားနပ်ရိက္ခာထွက်ရှိမှု တန်ချိန် ၁၄၉.၇၈သန်းရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် တန်ချိန် ၃.၆၂၇သန်းတိုးများလာ၍ တိုးနှုန်း ၂.၅ ရာခိုင်နှုန်းရှိ ကြောင်း၊ ၎င်းအနက် ဂျုံထွက်ရှိမှု တန်ချိန် ၁၃၈.၂၂သန်းရှိပြီး ယမန်နှစ် အလားတူအချိန်ပိုင်းကထက် တန်ချိန် ၃.၆၅၈သန်းတိုးများလာ၍ တိုးနှုန်း ၂.၇ ရာခိုင်နှုန်းရှိ ကြောင်း၊ တစ်နိုင်ငံလုံး၌ နွေရာသီစားနပ်ရိက္ခာ အထွက်ကောင်းကြောင်း သတင်းရရှိပါသည်။