ဘိုင်ဒင်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က နောက်ဆက်တွဲ အပြင်ထွက်သော လှုပ် ရှားမှုအားလုံးကို ယာယီ ရပ်ဆိုင်းမည်ဟု ကြေညာ

(GMT+08:00)2024-07-14 17:06:23  

ဒေသစံတော်ချိန်ဇူလိုင်လ ၁၃ ရက်နေ့ က အမေရိကန်သမ္မတ ဘိုင်ဒင်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က ဘိုင်ဒင်၏ နောက်ဆက်တွဲ အပြင်ထွက်သော လှုပ် ရှားမှုများ အားလုံးကို ယာယီရပ်ဆိုင်းပြီး မဲဆွယ်မှုဆိုင်ရာ ရုပ်မြင်သံကြား ကြော်ငြာအားလုံးကို အမြန်ဆုံး ဖယ်ရှားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဒေသစံတော်ချိန် ၁၃ ရက်နေ့ မွန်းလွဲပိုင်းက Pennsylvania ပြည်နယ်၌ ကျင်းပသည့် မဲဆွယ်စည်းရုံးရေးပွဲတွင်  အမေရိကန် သမ္မတဟောင်း ထရန့် မိန့်ခွန်းပြောကြားစဉ် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ တိုက်ရိုက်ထုတ်လွှင်မှု တွင် ထရန့်၏ ညာဘက်နားရွက် ထိမှန်သွေးထွက်သွားခဲ့ကြောင်းတွေ့ရသည်။ အမေရိကန် သမ္မတ ဘိုင်ဒင်က သတင်းကြားပြီးနောက် ထရန့် ဘေးကင်းပြီး အခြေအနေ ကောင်းမွန်းခြင်းအပေါ် ဝမ်းမြောက်ပြီး USSS က ထရန့်ကို ဆေးရုံးသို့ လုံခြုံစွာ ပို့ဆောင်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြသည့်အပြင် အမေရိကန်အနေနှင့် ဤကဲ့သို့သော အကြမ်းဖက်မှု လုပ်ရပ်မျိုးကို သည်းခံမည် မဟုတ်ကြောင်း ပြောကြားသည်။