ဆိုမာလီနိုင်ငံ မြို့တော်ရှိ အကျဉ်းထောင်တစ်ခုတွင် အကြမ်းဖက်မှု ဖြစ်ပွားခဲ့ရာ လူရှစ်ဦး သေဆုံးခဲ့

(GMT+08:00)2024-07-14 17:07:48  

ဇူလိုင်လ ၁၃ရက်နေ့တွင် ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ ဗဟိုအကျဉ်းထောင်တွင် အကြမ်းဖက်ပဋိပက္ခဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံးခဲ့ပြီး ၎င်းတို့အနက် ၅ ဦးမှာ အကျဉ်းသားများဖြစ်ပြီး ကျန် ၃ဦးမှာ ထောင်စောင့်များဖြစ်ကြောင်း၊ ယင်းအကျဉ်းသား ၅ဦးသည် ဆိုမာလီ “အယ်လ်ရှာဘတ် (Al-Shabaab)” အဖွဲ့ဝင်များဖြစ်ပြီး အကျဉ်းထောင်မှ အကြမ်းဖက်ထွက်ပြေးရန် ကြိုးပမ်းခဲ့ကြကြောင်း ဒေသခံမီဒီယာမှ ထုတ်ပြန်သည့်သတင်းအရ သိရပါသည်။