ထရန့် ပစ်ခတ်ခံရမှုတွင် သံသယရှိသူ သေဆုံးပြီး စုစည်းပွဲ ပါဝင်သူများလည်း ပစ်သတ်ခံရ

(GMT+08:00)2024-07-14 17:06:49  

ဒေသစံတော်ချိန်ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက Pennsylvania ပြည်နယ်၌ ကျင်းပသည့် မဲဆွယ်စည်းရုံးရေးပွဲတွင် အမေရိကန် သမ္မတဟောင်း ထရန့် မိန့်ခွန်းပြောကြားစဉ် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ တိုက်ရိုက်ထုတ်လွှင်မှု တွင် ထရန့်၏ ညာဘက်နားရွက် ထိမှန် သွေးထွက်သွားကြောင်းတွေ့ရသည်။ အမေရိကန် USSS ဌာနမှ ဝန်ထမ်းများက ထရန့် ဘေးကင်းကြောင်း မီဒီယာများအား အတည်ပြုခဲ့သည်။

Pennsylvania ပြည်နယ် Butler ခရိုင်မှ ရှေ့နေ Richard Goldinger က ထရန့်၏ မဲဆွယ်စည်းရုံးရေးပွဲတွင် သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သေနတ်သမားနှင့် စုစည်းပွဲ ပါဝင်သူ တစ်ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ပြောကြားသည်။