ထရန့်လူထုစုဝေးပွဲပစ်ခတ်မှုသည် "လုပ်ကြံသတ်ဖြတ်ရန် အထမမြောက်ခြင်း" အဖြစ်သတ်မှတ်ထားပြီး သေနတ်သမားသည် စနိုက်ပါသမားဖြစ်နိုင်

(GMT+08:00)2024-07-14 17:08:23  

အမေရိကန် သမ္မတဟောင်း ထရန့်အား လူထုစုဝေးပွဲ၌ ပစ်ခတ်မှုမှာ လုပ်ကြံသတ်ဖြတ်ရန် အထမမြောက်ခြင်း အဖြစ် သတ်မှတ်ပြီး လုပ်ကြံသတ်ဖြတ်မှုအဖြစ် စုံစမ်းစစ်ဆေးနေကြောင်း ဒေသစံတော်ချိန်ဇူလိုင်လ ၁၃ ရက်နေ့က အမေရိကန်ဥပဒေစိုးမိုးရေးအရာရှိက ပြောကြားသည်။

ဥပဒေစိုးမိုးရေးဆိုင်ရာ သတင်းရင်းမြစ်များစွာအရ သေနတ်သမားသည် စုဝေးပွဲကျင်းပရာနေရာအပြင်ဘက်ရှိ အဆောက်အအုံတစ်ခုပေါ်တွင် ရှိနေခဲ့ပြီး ဥပဒေစိုးမိုးရေးအရာရှိများက ၎င်းသည် စနိုက်ပါသမားဖြစ်နိုင်ကြောင်း ကနဦးပြောကြားခဲ့သည်။