ရုရှားမှခရီးသည်တင်လေယာဉ်တစ်စင်း စမ်းသပ်ပျံသန်းရာ မော်စကိုပြည်နယ်၌ ပျက်ကျခဲ့ သောကြောင့် လေယာဉ်မှူးအဖွဲ့ဝင် ၃ဦး သေဆုံး

(GMT+08:00)2024-07-13 12:14:55  

ဒေသစံတော်ချိန် ဇူလိုင်လ ၁၂ရက်နေ့က Sukhoi Superjet 100 ခရီးသည်တင် လေယာဉ်တစ်စင်း စမ်းသပ်ပျံသန်းနေချိန် ရုရှားနိုင်ငံ မော်စကိုပြည်နယ်၌ ပျက်ကျခဲ့သောကြောင့် လေယာဉ်မှူးအဖွဲ့ဝင် ၃ဦး သေဆုံးခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ဒေသခံအရေးပေါ်ဌာနမှသတင်းအရ ယင်းလေယာဉ်သည် ပုံမှန်စစ်ဆေးရေးခံယူခဲ့ပြီး စမ်းသပ်ပျံသန်းရာ၌ ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု သတင်းရရှိပါသည်။