ဇူလိုင်လ ၁၂ ရက်နေ့ က နိုင်ငံတကာ အိုလံပစ်ကော်မတီသည် ဆော်ဒီအာရေဗျနိုင်ငံ အိုလံပစ်ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ပြီး ၂၀၂၅ ခုနှစ်တွင် ဆော်ဒီအာရေဗျနိုင်ငံ၌ ပထမဆုံးအကြိမ် e-Sports အိုလံပစ် ပြိုင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အဆိုပါ အဆိုပြုချက်ကို ပါရီမြို့၌ ကျင်းပမည့် ၁၄၂ ကြိမ်မြောက် နိုင်ငံတကာ အိုလံပစ် ကော်မတီ မျက်နှာစုံညီအစည်းအဝေးတွင် စိစစ်ရန် တင်သွင်းမည် ဖြစ်ကြောင်း သတင်းအရ သိရပါသည်။