ဗြိတိန်နိုင်ငံ စကော့တလန် ကမ်းခြေမှာ ဝေလငါး ၇၇ ကောင် သောင်တင် သေဆုံး

(GMT+08:00)2024-07-13 16:08:07  

ဘီဘီစီ၏သတင်းအရ ဗြိတိန် ပင်လယ်သတ္တဝါများကယ်ဆယ်ရေး ရေငုပ်သမားများ အဖွဲ့သည် စန္ဒီကျွန်းတွင် ပိုင်းလော့ ဝေလငါးအများအပြားသောင်တင်နေကြောင်း ဇူလိုင်လ ၁၁ ရက်နေ့နံနက်ပိုင်းတွင် သတင်းရရှိခဲ့သည်။ ကယ်ဆယ်ရေးသမားများက အဆိုပါ ဝေလငါး ၇၇ ကောင်ကို ကမ်းခြေမှာ တွေ့ရှိပြီး နာရီအတော်ကြာ သောင်တင်နေခဲ့ကာ ၎င်းတို့အနက် ၁၂ ကောင်မှာ အသက်ရှင်လျက် ရှိသေးကြောင်း ပြောကြားခဲ့ သည်။

အသက်ရှင်ကျန်နေသေးသော ဝေလငါးများကို ပင်လယ်ထဲသို့ ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းခဲ့သော်လည်း သဲပျော့ထဲတွင် သောင်တင် နေသော ဝေလငါးများကို ရွှေ့ရန် ခက်ခဲခြင်းနှင့် ကယ်ဆယ်ရေး လူအင်အားနှင့် အရင်းအမြစ်များ နည်း ပါးသောကြောင့် ၎င်းတို့ကို နောက်ဆုံးတွင် (euthanasia) ညင်းသာသော နည်းလမ်းဖြင့် သုတ်သင်ရှင်းလင်းခဲ့ရကြောင်း သတင်းအရ သိရပါသည်။