ကာကွယ်ရေးဝန်ကြီးဌာနမှ အမေရိကန်နှင့်ဖိလစ်ပိုင်တို့အား ယင်းဒေသတွင်း၌ တာလတ်ပစ်ဒုံးကျည်များ ချက်ချင်းရုပ်သိမ်းပြီး ဘယ်တော့မှ နေရာချထားခြင်း မပြုသင့်ကြောင်း တိုက်တွန်း

(GMT+08:00)2024-07-13 16:01:46  

ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်း၊ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန သတင်းပြန်ကြာရေးရုံး ညွှန်ကြားရေးမှူး၊ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ကျန်းရှောင်ကန်း (Zhang Xiaogang) က မကြာသေးမီက စစ်ဘက်ဆိုင်ရာ သတင်းများကို ထုတ်ပြန်သွားခဲ့ပါတယ်။ 

ကျန်းရှောင်ကန်း (Zhang Xiaogang) က တာလတ်ပစ်ဒုံးကျည်သည် စစ်အေးတိုက်ပွဲအဓိပ္ပာယ်ပါဝင် သော ဗျူဟာမြောက်ထိုးစစ်လက်နက်ဖြစ်၍ ယင်းဒေသအတွင်း၌ အမှန်ဆို မရှိသင့်ကြောင်း၊ အမေရိကန် နှင့်ဖိလစ်ပိုင်သည် အပြောနှင့်လုပ်ဆောင်ချက်ကိုက်ညီစွာ ယင်းလက်နက်များအား ချက်ချင်းရုပ်သိမ်းပြီး ဘယ်တော့မှ နေရာချထားခြင်း မပြုသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။ ကျွန်တော်တို့ဘက်မှ အမေရိကန်နှင့် ဖိလစ်ပိုင်တို့အား ဒေသတွင်းနိုင်ငံနှင့်ပြည်သူများရဲ့ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဘုံဆန္ဒအား လေးစားမှုပေးပြီး ယင်းဒေသတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးများအတွက် အကျိုးရှိသော အရာများ ကို ပိုမိုလုပ်ဆောင်သွားရန် တိုက်တွန်းပါကြောင်း ပြောသွားခဲ့ပါတယ်။