"ရှီးဇန့်(တိဘက်)အလယ်ပိုင်း အငြင်းပွားမှု ဖြေရှင်းရန် မြှင့်တင်ရေး ဥပဒေကြမ်း" ကို အမေရိကန် ချုပ်ဆို၊ အမေရိကန်က ဇွတ်အတင်း လုပ်ဆောင်ပါက တရုတ်နိုင်ငံသည် ထိရောက်သော ဆောင်ရွက်မှု ပြုလုပ်ပါမည်ဟု တရုတ်ဆို

(GMT+08:00)2024-07-13 17:51:55  

 ဇူလိုင်လ ၁၃ ရက်နေ့က ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်က "ရှီးဇန့်(တိဘက်)အလယ်ပိုင်း အငြင်းပွားမှု ဖြေရှင်းရန် မြှင့်တင်ရေး ဥပဒေကြမ်း"ကို ချုပ်ဆိုခဲ့ခြင်းနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားခဲ့ရာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက  "ရှီးဇန့်(တိဘက်)အလယ်ပိုင်း အငြင်းပွားမှု ဖြေရှင်းရန် မြှင့်တင်ရေး ဥပဒေကြမ်း" ဆိုတာ အမေရိကန်အစိုးရ၏ အစဉ်တစိုက်ဖြစ်သည့် ရပ်တည်ချက်နှင့် ကတိပြုချက်ကို ကျောခိုင်းပြီး နိုင်ငံတကာ ဆက်ဆံရေး အခြေခံမူကို ဖောက်ဖျက်ကြောင်း၊ တရုတ်ပြည်တွင်းရေးကို ကြမ်းတမ်းစွာ ဝင်ရောက်စွက်ဖက်ပြီး တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ပြင်းထန်ဆိုးရွားစွာ ထိခိုက်၍ ရှီးဇန့် သွေးခွဲရေး အင်အားများအား မှားယွင်းသောအချက်ပြခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ပြတ်ပြတ်သားသားကန့်ကွက်ပြီး အမေရိကန်အား တည်ကြည်လေးနက်စွာ အရေးဆိုခဲ့ပြီ ဖြစ်ကြောင်း၊ ရှီးဇန့်သည် ရှေးပဝေသဏီကတည်းက တရုတ်နိုင်ငံ၏ အစိတ်အပိုင်း ဖြစ်ကြောင်း၊ ရှီးဇန့်အရေးသည် တရုတ်ပြည်တွင်းရေး သက်သက် ဖြစ်ပြီး ပြင်ပမှ အင်အားစု တစ်စုံတစ်ခုမှ ဝင်ရောက်စွက်ဖက်ရန်ကို လုံးဝ ခွင့်မပြုကြောင်း၊ မည်သူမဆို မည်သည့် အင်အားစု မဆို ရှီးဇန့် ရှုပ်ထွေးအောင် ပြုလုပ်ခြင်းဖြင့် တရုတ်နိုင်ငံအား ဖိနှိပ် ဟန့်တားရန် ကြံဆချက်သည် အောင်နိုင်မည် မဟုတ်ကြောင်း၊ အကယ်၍အမေရိကန်က ဇွတ်အတင်း လုပ်ဆောင်ပါက တရုတ်နိုင်ငံသည် ထိရောက်သော ဆောင်ရွက်မှု ပြုလုပ်ပါမည် ဖြစ်ပြီး တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ လုံခြုံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများကို ပြတ်ပြတ်သားသား ထိန်းသိမ်းကာကွယ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။