ရှီကျင့်ဖိန်သည် ဆော်လမွန်ကျွန်းစု ဝန်ကြီးချုပ် Manele နှင့် တွေ့ဆုံ

(GMT+08:00)2024-07-13 12:02:22  

ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ တရားဝင်ခရီးလှည့်လည်နေသော ဆော်လမွန်ကျွန်းစု ဝန်ကြီးချုပ် Manele နှင့် တွေ့ဆုံခဲ့သည်။

ထို့သို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ဆော်လမွန်နိုင်ငံနှင့် မဟာဗျူဟာမြောက် ကူးလူးဆက်ဆံရေးကို ခိုင်မာစေရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ၊ အခြေခံအဆောက်အအုံများ၊ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှု၊ ရာသီဥတုဖောက်ပြန်မှု တုံ့ပြန်ရေးနှင့် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြား ခဲ့သည်။

Manele ကလည်း  “Belt and Road”  ပူးတွဲတည်ဆောက်မှုတွင် ပါဝင်သောကြောင့် ဆော်လမွန်ကျွန်းစုသည် အခြေခံအဆောက်အအုံတည်ဆောက်မှုနှင့် အခြားနယ်ပယ်များတွင် သိသာထင်ရှားသောတိုးတက်မှုကို ရရှိခဲ့ကြောင်း၊ ဆော်လမွန်ကျွန်းစုအနေနှင့် ဆော်လမွန် နှင့် တရုတ် အကြား ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းလာစေရန်နှင့် ဆော်လမွန်-တရုတ်ကံကြမ္မာတူအသိုက်အဝန်းကို တည်ဆောက်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။