ရှီကျင့်ဖိန်သည် Vanuatu နိုင်ငံ၀န်ကြီးချုပ် Charlot Salwai နှင့် တွေ့ဆုံ

(GMT+08:00)2024-07-13 12:06:25  

ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်ပြည်သို့ တရားဝင် အလည်အပတ်ရောက်ရှိလာသော Vanuatu နိုင်ငံ ဝန်ကြီးချုပ် Charlot Salwaiနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က Vanuatu နိုင်ငံသည် ပစိဖိတ်ကျွန်းနိုင်ငံများဒေသတွင် တရုတ်နိုင်ငံ၏ မိတ်ဆွေကောင်းနှင့် မိတ်ဖက်ကောင်းဖြစ်ကြောင်း၊ တရုတ်-Vanuatu နှစ်နိုင်ငံ သံတမန် အဆက်အသွယ် ထားရှိသည့် ၄၂ နှစ်အတွင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရေးသည် ပိုမို အားကောင်းလာပြီး အမြုတေ အကျိုးစီးပွား ကျသော ကိစ္စရပ်များတွင် အမြဲတမ်း ခိုင်မြဲစွာ အပြန်အလှန် ထောက်ခံအားပေးကြကြောင်း၊ တရုတ်နိုင်ငံသည် တရုတ်- Vanuatu ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အလွန်အလေးထားပြီး Vanuatu နှင့်အတူ အဆင့်မြင့် နိုင်ငံရေး အပြန်အလှန် ယုံကြည်မှုကို နက်ရှိုင်းစေရန်၊ အရည်အသွေး မြင့်မားသော Belt and Road ကို လက်တွဲတည်ဆောက်ရန်၊ အစဉ်တစ်စိုက်ဖြစ်သော ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်နှင့် ခေတ်သစ်တွင် တရုတ်- Vanuatu ကံကြမ္မာတူ အသိုက်အဝန်း လက်တွဲတည်ဆောက်ကြရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

Salwaiက Vanuatu -တရုတ် နှစ်နိုင်ငံ သံတမန် အဆက်အသွယ် ထားရှိသည့် ၄၂ နှစ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးသည် အားကောင်းစွာ ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ Vanuatu သည် တရုတ်နိုင်ငံမှ နိုင်ငံရေး စီမံအုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများကို သင်ယူလေ့လာရန်၊ တရုတ်နိုင်ငံနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာများ ချိတ်ဆက်မှု တိုးမြှင့်ရန်၊ အခြေခံအဆောက်အအုံနှင့် စီးပွားကုန်သွယ်ရေး အပါအဝင် နယ်ပယ်အသီးသီးမှ လက်တွေ့ကျသော ပူးပေါင်း ဆောင် ရွက်မှု များကို တွန်းအားပေးရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံနှင့် နိုင်ငံတကာ ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို ပိုမို ရင်းနှီး ရန်နှင့် Vanuatu - တရုတ် ကံကြမ္မာ တူ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း ပြောကြား  ခဲ့သည်။