ဖိလစ်ပိုင်အား ရှန်ပင် ကျောက်ဆောင်၌ တရားမဝင် ရပ်နေသော သင်္ဘောများ အမြန်ဆုံး ဆုတ်ခွာရန် တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက လှုံ့ဆော်တိုက်တွန်း

(GMT+08:00)2024-07-13 12:04:40  

ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းက တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန သတင်း ပြန်ကြားရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ပြောရေးဆိုခွင့်ရှိသူ စီနီယာ ဗိုလ်မှူးကြီး ကျမ်းရှောင်ကမ်းသည် သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

    မကြာမီက တရုတ်ပင်လယ် စောင့်ကြပ်ရေး ရဲတပ်ဖွဲ့သင်္ဘောသည် ရှန်ပင် ကျောက်ဆောင်တွင် တရားမဝင် ရပ်နေသော ဖိလစ်ပိုင် ရဲသင်္ဘောများက ကုန်စည်နှင့် လူများ သယ်ဆောင်ခြင်းကို ကြပ်မတ် ထိန်းချုပ်ခဲ့သည်။ ထို့နောက်တွင် ဖိလစ်ပိုင်က ၎င်းသည် ၎င်းပိုင်ဆိုင်သည့် စီးပွားရေးဇုန်အတွင်း လုပ်ချင်သည့်ကိစ္စမှန်သမျှကို လုပ်နိုင်သည်ဟု ဆိုခဲ့သည်။ ယင်းနှင့် ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူက မည်သို့ ဝေဖန်ပြောကြားလိုသနည်းဟု မေးမြန်းခဲ့ရာ

   ပြောရေးဆိုခွင့်ရှိသူ ကျမ်းရှောင်ကမ်းက တရုတ်နိုင်ငံသည် ရှန်ပင် ကျောက်ဆောင် အပါအဝင် နန်စားကျွန်းစုအပေါ် မငြင်းသာသော အချုပ်အခြာအာဏာပိုင်ခွင့် ရှိပြီး တရုတ်နိုင်ငံ၏ အခွင့်အရေး ထိန်းသိမ်းရေးနှင့် ဥပဒေ စိုးမိုးရေး ဆောင်ရွက်မှုသည် တရားနည်းလမ်းကျကြောင်း၊ ဖိလစ်ပိုင်၏ လုပ်ရပ်သည် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာကို ပြင်းထန်စွာ ကျူးလွန်ထိပါးခဲ့ကြောင်း၊ ဖိလစ်ပိုင် အနေနှင့် သင်္ဘောရော လူများပါ အမြန်ဆုံး ဆုတ်ခွာပြီး မှားယွင်းသော လမ်းပေါ်တွင် ဆက်မလျှောက်ကြ ရန် လှုံ့ဆော်တိုက်တွန်းပါကြောင်း ဖြေကြားခဲ့ပါသည်။