အကျဉ်းထောင်များတွင် လူပြည့်နေသောကြောင့် ဗြိတိန်က အချို့အကျဉ်းသားများကို စောစီးစွာလွှတ်ပေးရန် ကြေညာ

(GMT+08:00)2024-07-13 12:13:56  

ဇူလိုင်လ ၁၂ရက်နေ့က ဗြိတိန် တရားရေးဝန်ကြီးအသစ် Shabana Mahmoodက အကျည်းထောင်များထဲတွင် လူပြည့်နေသောကြောင့် ဗြိတိန်သည် ယခုနှစ်စက်တင်ဘာလမှစ၍ အန္တရာယ်နည်းသော အကျဉ်းသားများ၏ ထောင်ဒဏ်ကျခံရသည့်နှစ် ကို လျှော့ချရန် ဆုံးဖြတ်ပြီး အချို့အကျဉ်းသားများကို စောစီးစွာ လွှတ်ပေးမည်ဟု ကြေညာခဲ့ပါသည်။

ဗြိတိန်၏ ထောင်ဒဏ်ချခံရမှုနှုန်းသည် အနောက်ဥရောပနိုင်ငံများ၌ အမြင့်ဆုံးဖြစ်သည်။ လာမည့်သီတင်းပတ်များအတွင်း အကျဉ်းထောင်များ၌ အကျဉ်းသားများ ပြည့်နိုင်ဖွယ်ရာရှိကြောင်း၊ ပြီးနောက် “ရဲဌာနများ၏ထိန်းသိမ်းရေးစခန်းများကို မသုံးမဖြစ် သုံးရမည်” ဖြစ်ကြောင်း၊ ဤသို့ဖြင့် ရဲများသည် လမ်းပေါ်၌ ကင်းလှည့်ရန် အချိန်ရှိမည် မဟုတ်ကြောင်း ဗြိတိန်မီဒီယာမှ သတင်းအရ သိရပါသည်။