ပါရီအိုလံပစ်ပြိုင်ပွဲအတွက် တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့ကို ဘေကျင်း၌ ဖွဲ့စည်း

(GMT+08:00)2024-07-13 12:08:18  

ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီတွင် ပါရီအိုလံပစ်အားကစားပြိုင်ပွဲအတွက် တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းရန် လှုံ့ဆော်ရေးအစည်းအဝေးကို ဘေကျင်းမြို့၌ ကျင်းပခဲ့ပါသည်။

ယင်းကိုယ်စားလှယ်အဖွဲ့တွင် လူပေါင်း ၇၁၆ ဦး ပါဝင်ပြီး ၎င်းအနက် အမျိုးသား အားကစားသမား ၁၃၆ ဦးနှင့် အမျိုးသမီး အားကစားသမား ၂၆၉ ဦး အပါအဝင် အားကစားသမား ၄၀၅ ဦး ပါဝင်ပါသည်။

ကိုယ်စားလှယ်အဖွဲ့တွင်ရှိသော အားကစားသမားများ၏ ပျမ်းမျှအသက်မှာ ၂၅ နှစ်ဖြစ်ပြီး ၎င်းတို့အနက် ၄၂ ဦးမှာ အိုလံပစ်ချန်ပီယံများဖြစ်ကာ ၂၂၃ ဦးသည် အိုလံပစ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။