ဇူလိုင်လ ၁၁ ရက်နေ့ ညတွင် တရုတ်နိုင်ငံ ရှန်ကျန့်မြို့ရှိ အရပ်သူအရပ်သားများသည် Dameisha မြေအောက်ရထားဘူတာ၏အဝင်ပေါက်တွင် "UFO" တစ်စီး ခေါင်းပေါ်မှဖြတ်သွားသည်ကိုတွေ့မြင်ခဲ့သည်။ တကယ်တော့ ဒီ "UFO" ဟာ UFO ပုံစံရှိ လူလိုက်ပါတဲ့ လေယာဉ်ဖြစ်ပြီး ဒီလေယာဉ်ဟာ ရှန်ကျန့်မြို့မှာ ပထမဆုံး ပျံသန်းခဲ့ တာပါ။
"ဒါဟာ ခရီးသွားလုပ်ငန်းတွေမှာ အထူးအသုံးပြုတဲ့ အမြင့်ပေနိမ့်တဲ့ ပျံသန်း လေယာဉ်တစ်ခုပါ။ သူ့ရဲ့ ပျံသန်းမှု အမြင့်က ၁၀ မီတာကနေ ၃၀ မီတာကြား ရှိပါတယ်။ ရေပေါ်မှာလည်း ပျံသန်းနိုင်ပါတယ်။ အရေးပေါ် ဆင်းသက်ရင် ရေပေါ်မှာလည်း ဘေးကင်းစွာ မျောပါနိုင်ပါတယ်။"လို့ ၎င်းလူလိုက်ပါသော လေယာဉ်ပိုင်ဆိုင်သည့်ကုမ္ပဏီတည်ထောင်သူက မိတ်ဆက်ပြောကြားခဲ့ပါတယ်။
လက်ရှိတွင် ဤထုတ်ကုန်ကို ခရီးသွားလုပ်ငန်းနှင့် ကြော်ငြာဖျော်ဖြေပွဲများတွင် အဓိကအသုံးပြုနေပြီး ကမ္ဘာလုံးဆိုင်ရာ တီထွင်မှု မူပိုင်ခွင့်ကို ရရှိပြီးဖြစ်ပါတယ်။