ယခုနှစ် ပထမ နှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု ပမာဏသည် အချက်သုံးချက်ကို ပြသနေ

(GMT+08:00)2024-07-13 12:00:59  

ဇူလိုင်လ ၁၂ ရက်နေ့က တရုတ်နိုင်ငံသည် ယခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံခြား ကုန်သွယ်မှု ပမာဏကို ထုတ်ပြန်ခဲ့ပါသည်။ ယခုနှစ် ပထမ နှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏသည် ယွမ် ၂၁.၁၇ ထရီလီယံ ရှိပြီး လွန်ခဲ့သည့်နှစ် အလားတူ အချိန်ပိုင်းကထက် ၆.၁ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။ 

   ယခုနှစ် ပထမ နှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု အတိုင်းအတာသည် ပိုမို မြင့်မားလာခဲ့ပါသည်။ ယခုနှစ် ပထမ နှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ သွင်းကုန်ပို့ကုန် အတိုင်းအတာသည် ပထမဆုံးအကြိမ် ယွမ် ၂၁ ထရီလီယံ ကျော်လွန်ပြီး စံချိန်သစ် တင်နိုင်ခဲ့သည်။ ဒုတိယ သုံးလပတ်အတွင်း သွင်းကုန်ပို့ကုန် ပမာဏသည် လွန်ခဲ့သည့်နှစ် အလားတူအချိန်ပိုင်းကထက် ၇.၄ ရာခိုင်နှုန်း တိုးလာပြီး ယခုနှစ် ပထမ သုံးလပတ်နှင့် လွန်ခဲ့သည့်နှစ် စတုတ္ထ သုံးလပတ်ကထက် ၂.၅ ရာခိုင်နှုန်းနှင့် ၅.၇ ရာခိုင်နှုန်း အသီးသီး တိုးလာကာ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေး တိုးတက်မှု၏ အရှိန်ကောင်း တစ်ဆင့်တိုး ခိုင်ခံ့လာနေကြောင်း ပြသနေသည်။

   ယခုနှစ် ပထမ နှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု အရည်အသွေးသည် ပိုမို မြင့်တက်လာခဲ့သည်။ ယခုနှစ် ပထမ နှစ်ဝက်ပိုင်းတွင် ယေဘုယျ သွင်းကုန်ပို့ကုန် ပမာဏသည် စုစုပေါင်းပမာဏ၏ ၆၅ ရာခိုင်နှုန်း ရှိပြီး နိုင်ငံခြား ကုန်သွယ်မှု တိုးတက်ခြင်းဆိုင်ရာ အဓိကအင်အား ဖြစ်လာခဲ့သည်။ ယင်းသည် တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု အသွင် ကူးပြောင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းဆိုင်ရာ အောင်မြင်မှုရလဒ်များ ထင်ရှားပြီး အရည်အသွေး မြင့်မားသော နိုင်ငံခြားကုန်သွယ်မှု ပုံစံသည် အဓိက ဖြစ်လာနေခြင်းကို ပြသ နေပါသည်။ စွမ်းအင်သစ် မော်တော်ကား၊ lithium ဘက်ထရီနှင့် photovoltaic ထုတ်ကုန်များ ကိုယ်စားပြုနေသော ထုတ်ကုန်ပစ္စည်းသစ် သုံးမျိုးသည် နိုင်ငံခြားဈေးကွက်များ၌ ရောင်းအား ဆက်တိုက် ကောင်းမွန်နေပြီး တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု အရည်အသွေး တိုးမြင့်ရေးအတွက် အားအင်များ ထည့်သွင်းနေပါသည်။

   နိုင်ငံခြားကုန်သွယ်မှုသည် နိုင်ငံ တစ်နိုင်ငံ၏ စီးပွားရေး ရှင်သန်မှုကို အကဲဖြတ်ရန် ဘာရိုမီတာ ဖြစ်သည်။ တရုတ်နိုင်ငံခြား ကုန်သွယ်မှု အခြေအနေ ကောင်းမွန်ခြင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေး ဆက်တိုက် နာလန်ပြန်ထူရေးကို တိုးမြှင့်ပေးသည့်အပြင် ကမ္ဘာ့ စီးပွားရေး နာလန်ပြန်ထူရေးအတွက်လည်း အကျိုးပြုနေကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။