ဖုန်းလိယွမ် သည် ကုလသမဂ္ဂဒုတိယအတွင်းရေးမှူးချုပ်၊ အေအိုင်ဒီအက်စ် ရောဂါ ဆိုင်ရာ ကုလသမဂ္ဂအစီအစဉ် အမှုဆောင်ဒါရိုက်တာ Winnie Byanyima ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လက်ထောက်ဒါရိုက်တာချုပ် Jerome Salomon တို့နှင့် တွေ့ဆုံ

(GMT+08:00)2024-07-12 14:15:10  

ဇူလိုင်လ ၁၁ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် ၏ ဇနီး၊ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ တီဘီရောဂါနှင့် အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ မဟာကရုဏာရှင် ဖုန်းလိယွမ်သည် ကုလသမဂ္ဂဒုတိယအတွင်းရေးမှူးချုပ်၊ အေအိုင်ဒီအက်စ် ရောဂါ ဆိုင်ရာ ကုလသမဂ္ဂအစီအစဉ် အမှုဆောင်ဒါရိုက်တာ Winnie Byanyima၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ လက်ထောက်ဒါရိုက်တာချုပ် Jerome Salomon တို့နှင့် ဘေကျင်း မြို့တွင် တွေ့ဆုံခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် ဖုန်းလိယွမ် သည် တရုတ်နိုင်ငံမှ အေအိုင်ဒီအက်စ်ရောဂါနှင့် တီဘီရောဂါ ကာကွယ်ထိန်းချုပ်ရေးဘက်တွင် လုပ်ထုံးလုပ်နည်းများနှင့် အတွေ့အကြုံ များကို ရှင်းလင်းဖော်ပြကာ မဟာကရုဏာရှင် တာဝန်များကို ဆက်လက် ကျေမွန်အောင် ထမ်းဆောင်မည် ဖြစ်ပြီး တစ်ကမ္ဘာလုံး အေအိုင်ဒီအက်စ်ရောဂါနှင့် တီဘီရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပိုမိုများပြားသော အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း၊ ဘက်အသီးသီးတို့၏ အတူတကွ ကြိုးပမ်းဆောင်ရွက်မှုဖြင့် တရုတ်နိုင်ငံသည် အေအိုင်ဒီအက်စ်ဆိုင်ရာ ကုလသမဂ္ဂအစီအစဉ်၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် ပိုမိုများပြားသော အောင်မြင်မှုများ ရှရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါသည်။
    Winnie Byanyima နှင့် Jerome Salomon တို့သည် တရုတ်အစိုးရနှင့် တရုတ် ပြည်သူများမှ တီဘီရောဂါနှင့် အေအိုင်ဒီအက်စ်ရောဂါ တိုက်ဖျက်ရေးနှင့် ပြည်သူ့ ကျန်းမာရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရာတွင် ရရှိခဲ့သည့် အောင်မြင်မှုများကို တန်ဖိုးထား ချီးကျူးပြီး ဖုန်းလိယွမ်အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တီဘီရောဂါနှင့် အေအိုင်ဒီအက်စ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ မဟာကရုဏာရှင် အဖြစ် တာဝန်ထမ်းဆောင် ပြီးနောက် အကျိုးပြုစွမ်းဆောင်မှုများကို တန်ဖိုးထားချီးကျူးခဲ့ကြောင်း၊ တစ်ကမ္ဘာလုံး ကျန်းမာရေး လုပ်ငန်း အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံအသီးသီးမှ ပြည်သူများအား အကျိုးပြု စွမ်းဆောင်နိုင်ရန်အတွက် တရုတ်နိုင်ငံနှင့် သက်ဆိုင်ရာနယ်ပယ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများကို တစ်ဆင့်တက်မြှင့်တင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ကြပါသည်။