ဒေသစံတော်ချိန် ဇူလိုင်လ ၁၁ ရက်နေ့က ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေအထွေညီလခံတွင် ဇာပိုရီဇီယာ နျူကလီးယားဓာတ်အားပေးစက်ရုံအပါအဝင် ယူကရိန်းနိုင်ငံရှိ နျူကလီးယား အဆောက်အအုံ များ၏ လုံခြုံရေး ဆိုင်ရာ ဆုံးဖြတ်ချက်တစ်ရပ်ကို အတည်ပြုခဲ့ပါသည်။ အမေရိကန်နှင့် ယူကရန်းတို့ တင်ပြခဲ့သော ယင်း အဆိုပြုချက်တွင် ယူကရိန်းရှိ နျူကလီးယား အဆောက်အအုံများကို ရုရှားက ပြန်လည် ရုပ်သိမ်းရန်နှင့် နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီမှ ဝန်ထမ်းများအား ယူကရိန်း နျူကလီးယား အဆောက်အအုံများသို့ ဝင်ရောက်ခွင့်ပြုရန် ရုရှားကို တောင်းဆိုထားပါသည်။
ယင်းဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၉၉ မဲ၊ ကန့်ကွက်မဲ ၉ မဲ၊ ကြားနေမဲ ၆၀ မဲဖြင့် အတည်ပြု ဆုံးဖြတ်ခဲ့ပါသည်။ ဘရာဇီး၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တောင်အာဖရိကနှင့် တခြားနိုင်ငံများက ကြားနေမဲ ပေးခဲ့ပြီး ရုရှား၊ ကျူးဘားနိုင်ငံတို့သည် ကန့်ကွက် မဲ ပေးခဲ့ကြပါသည်။