ဇူလိုင်လ ၁၁ ရက်နေ့ညတွင် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့မှထုတ်ပြန်ချက်အရ ထိုနေ့ညက အစ္စရေး စစ်တပ်သည် လက်ဘနွန်တောင်ပိုင်းရှိKafar Kila နှင့် Taibe ဒေသများရှိ လက်ဘနွန် Hezbollah၏ စစ်ဘက်ဆိုင်ရာ အဆောက်အအုံအများအပြားကို လေကြောင်းမှ တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်ခဲ့ ကြောင်း ဖော်ပြခဲ့သည်။
ထုတ်ပြန်ချက်တွင် ထိုနေ့အစောပိုင်းက အစ္စရေးလေကြောင်းရန် ကာကွယ်ရေးစနစ်သည် လက်ဘနွန်မှ အစ္စရေးနိုင်ငံမြောက်ပိုင်းသို့ ဦးတည်ပစ်ခတ်ခဲ့သော သံသယဖြစ်ဖွယ်လေကြောင်း ပစ်မှတ် တစ်ခုကို ကြားဖြတ် ဟန့်တားခဲ့ပြီး အသေအပျောက်မရှိခဲ့ကြောင်းလည်း ဖော်ပြ ထားသည်။