ဥရောပသမဂ္ဂအား တရုတ်လျှပ်စစ်မော်တော်ကား၏ ယှဉ်ပြိုင်နိုင်စွမ်း အားသာချက်မှာ ထောက်ပံ့ကြေးမှ ရရှိခြင်း မဟုတ်ပါ ဟူသော အဖြစ်မှန်ကို မှန်ကန်စွာ ရှုမြင်ရန် မျှော်လင့်ကြောင်း တရုတ် ဆို

(GMT+08:00)2024-07-12 14:14:23  

ဇူလိုင်လ ၁၁ ရက်နေ့က ကျင်းပသော တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ He Yongqian က လက်ရှိအချိန်၌ တရုတ်-ဥရောပသမဂ္ဂ နှစ်ဦးနှစ်ဖက်တို့သည် လျှပ်စစ် မော်တော်ကားအပေါ် ထောက်ပံ့ကြေးပေးခြင်း ဆန်ကျင်မှုကိစ္စနှင့်ပတ်သက်ပြီး စေ့စပ် ဆွေးနွေးနေကြကြောင်း၊ အဖြစ်မှန်နှင့်စည်းကမ်းတို့သည် စေ့စပ်ဆွေးနွေးရန် ကျောရိုးမဏ္ဍိုင် ၂ခု ဖြစ်ကြကြောင်း၊ ဥရောပသမဂ္ဂအား တရုတ်လျှပ်စစ်မော်တော်ကား၏ ယှဉ်ပြိုင်နိုင်စွမ်း အားသာချက်မှာ ထောက်ပံ့ကြေးမှ ရရှိခြင်း မဟုတ်ပါဟူသော အဖြစ်မှန်ကို မှန်ကန်စွာ ရှုမြင်ရန်၊ တရုတ်-ဥရောပသမဂ္ဂ မော်တော်ကားလုပ်ငန်း ပူးပေါင်းဆောင်ရွက်လျှင် အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိသည်ဟူသော အဖြစ်မှန်ကို  မှန်ကန်စွာ ရှုမြင်ရန်၊ ဥရောပသမဂ္ဂ မော်တော်ကား လုပ်ငန်းများ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဝါဒကို ဆန့်ကျင်ကြသည် ဟူသော အဖြစ်မှန်ကို မှန်ကန်စွာ ရှမြင်ရန်၊ အဖြစ်မှန်နှင့် စည်းကမ်းကို အခြေခံပြီး တရားနည်းလမ်းကျကာ ပကတိအခြေအနေနှင့် ကိုက်ညီသော ဆုံးဖြတ်ချက်ကို ချမှတ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။