တရုတ်ကမ်းခြေစောင့်တပ်သည် Diaoyu ကျွန်းသို့ တရားမဝင် ဝင်ရောက်လာသော ဂျပန်သင်္ဘောများကို ဥပဒေနှင့်အညီ နှင်ထုတ်

(GMT+08:00)2024-07-12 13:38:20  

တရုတ်ကမ်းခြေစောင့်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ကမ်းယွီက ဇူလိုင်လ ၁၀ရက်နေ့က ဂျပန် ငါးဖမ်း သင်္ဘောMikamaruနှင့် ကင်းလှည့်သင်္ဘောအများအပြား တရုတ် Diaoyu ကျွန်းတစ်ဝိုက်ရှိ တရုတ်ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်လာကြောင်း၊ တရုတ်ကမ်းခြေစောင့် တပ် သင်္ဘောများက ဥပဒေနှင့်အညီ ဟန့်တားမှုများဆောင်ရွက်ပြီး ပြန်လည်ထွက်ခွာရန် သတိပေးခဲ့ကြောင်း၊Diaoyu ကျွန်းနှင့် ၎င်း ဆက်နွယ်သောအခြားကျွန်းများသည် တရုတ်နိုင်ငံ၏ ပိုင်နက်ဖြစ်ကြောင်း၊ တရုတ်ကမ်းခြေစောင့်တပ်သည် ဥပဒေနှင့်အညီ မိမိနိုင်ငံ၏ ရေပိုင်နက်တွင် ရေကြောင်းဆိုင်ရာ အခွင့်အရေး ကာကွယ်ရေး လှုပ်ရှားမှုကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ကျွန်တော့်အနေနှင့် ဂျပန်က ယင်းရေကြောင်းတွင် တရားမဝင်သည့်  လုပ်ရပ်အားလုံးကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းခဲ့ပြီး ထိုသို့မရပ်တန့်ပါက တုံ့ပြန်မှု အခွင့်အရေးအားလုံးကို   အသုံးပြုသွားမည် ဖြစ်ကြောင်း  ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။