မြန်မာနိုင်ငံ ရှမ်းပြည်နယ်တွင် ဘိန်းဖြူ ၁၀၅ ကီလိုဂရမ်ကို ဖမ်းဆီးရမိ ခဲ့ ကြောင်း မြန်မာ နိုင်ငံ မူးယစ်ဆေးဝါး ပြန့်ပွားမှု ထိန်းချုပ်ရေး ဗဟို ကော်မတီက ဇူလိုင်လ ၁၁ ရက်နေ့ တွင် ပြောကြားခဲ့ သည်။
ရှမ်းပြည်နယ်အတွင်းရှိ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သည် သက်ဆိုင်ရာ သတင်းများကို ရရှိပြီးနောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယခုလ ၉ ရက်နေ့တွင် ကားနှစ်စီး အတွင်း၌ စုစုပေါင်း ဘိန်းဖြူ ၁၀၅ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကို ဖမ်းဆီးခဲ့ ကြောင်း ယင်းကော်မတီက ပြောကြားခဲ့သည်။ သက်ဆိုင်ရာများက သံသယရှိသူ ၃ ဦးကို ဥပဒေနှင့်အညီ တရားစွဲဆိုပြီး ယင်းမှုခင်းကို ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းအရ သိရှိရသည်။