Hunshandake သဲမြေဟာ အတွင်းမွန်ဂိုလီးယားရဲ့သဲမြေကြီး ၄ ခုအနက် တစ်ခုဖြစ်ပါတယ်။ သဘာဝနဲ့လူသားများကြောင့် ဆိုးကျိုးများ ချဲ့ကားလာပြီး ဒီနေရာက ဂေဟစနစ်ပတ်ဝန်းကျင်ဟာ အလျင် အမြန် ဆိုးရွားလာပါတယ်။ ရေကန်များ တိမ်ကောခမ်းခြောက်ပြီး ကန္တာရဖြစ်မှု လျင်မြန်လာပါတယ်။ ဖုန်ထခြင်း၊ ဖုန်လွင့်ခြင်းနဲ့ သဲမုန်တိုင်းများ မကြာခဏဖြစ်ပွားပြီး ဒေသတွင်းရှိ မွေးမြူရေးသမားများရဲ့ ထုတ်လုပ်မှုနဲ့နေထိုင်မှုကို ဆိုးရွားစွာ ကန့်သတ်လာခဲ့ပါတယ်။
၂၀၀၀ ခုနှစ်မှာ Hunshandake သဲမြေဒေသဟာ သဲမုန်တိုင်းအရင်းမြစ်ထိန်းချုပ်ရေး၊ မွေးမြူရေး ရပ်နားကာ မြက်ခင်းစိမ်းလန်းရေး၊ လယ်ယာစိုက်ပျိုးမှုရပ်နားကာ သစ်တောပြန်လည်ထူထောင်ရေး အစရှိသော ဂေဟစနစ် ထိန်းသိမ်းရေးတည်ဆောက်မှု အဓိကစီမံကိန်းများကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဘက်ပေါင်းစုံစီမံကိန်းရဲ့လက်တွေ့ဆောင်ရွက်မှုကနေတစ်ဆင့် သဲကန္တာရဖြစ်ခြင်းနဲ့ပျက်စီးမှုများလာတဲ့ မြက်ခင်းပြင်ဟာ ထိရောက်တဲ့စီမံခန့်ခွဲမှုနဲ့ကာကွယ်စောင့်ရှောက်မှုရရှိခဲ့ပါတယ်။ စီမံကိန်းဧရိယာအတွင်း အပင်ဖုံးလွှမ်းနှုန်းနဲ့ မြက်ပင်ပေါက်ရောက်မှု သိသိသာသာမြင့်တက်လာခဲ့ပြီး ပတ်ဝန်းကျင်ကောင်းမွန်လာ ကာ ရှုမြင်ကွင်းများ လှပလာပါတယ်။ ရေအရင်းမြစ် ထိန်းသိမ်းစောင့်ရှောက်ခဲ့ပြီး လေထုသန့်စင်သွားကာ ဂေဟဗေဒပတ်ဝန်းကျင်လည်း သိသိသာသာ ပြောင်းလဲကောင်းမွန်လာပါတယ်။ ၂၀၂၄ ခုနှစ်မှာ ယင်းဒေသ က သက်တမ်းရင့်အပင်နဲ့ ကြီးထွားနှုန်းနှေးကွေးသော ကန္တရာချုံပင်များကို “ပျိုးပင်ရဲ့ သစ်ဥသစ်ဖုကို ဖြတ်ခြင်းဖြင့် ပျိုးပင်ကို ပိုမိုကြီးထွားစေဖို့ စိုက်ပျိုးနည်း”ဖြင့် စိုက်ပျိုးရေး စီမံကိန်းနဲ့ စတင်လာခဲ့ပြန်ပါတယ်။
ယခုအခါမှာတော့ Hunshandake သဲမြေဟာ ယခင်တုန်းက “သဲမုန်တိုင်းအရင်းမြစ်” ကနေ “နောက်ဖေးပန်းဥယျာဉ်” အဖြစ် အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ ဂေဟဗေဒပတ်ဝန်းကျင် သိသာစွာ ပြောင်းလဲကောင်းမွန်ခဲ့ပါတယ်။ ဆိုးရွားစွာ ပျက်စီးမှုများသော နေရာဒေသများလည်း ထိရောက်သော စီမံခန့်ခွဲမှုများ ရရှိပြီး ဂေဟစနစ်၊ စီးပွားရေးနဲ့ လူမှုအဖွဲ့အစည်းအကျိုးရှိစေသော ဘုံအကျိုးဖြစ်ထွန်းမှုကို အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။