ဝမ်ယိသည် နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့

(GMT+08:00)2024-07-12 13:15:36  

ဇူလိုင်လ ၁၁ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် နယ်သာလန်  နိုင်ငံခြား ရေးဝန်ကြီး တာဝန်အသစ်ထမ်းဆောင်သော Veldkamp ကို  တယ်လီဖုန်းဖြင့် ဆက်သွယ် ခဲ့ပါသည်။

ဝမ်ယိက မကြားသေးမီကကျင်းပခဲ့တဲ့ နေတိုးအဖွဲ့ ဝါရှင်တန် ထိပ်သီး အစည်း အဝေးတွင် တရုတ်နိုင်ငံအား အခြေအမြစ်မရှိ စွပ်စွဲခဲ့ မှုများကို တရုတ်နိုင်ငံ အနေဖြင့်  လက်ခံမည် မဟုတ်ကြောင်း၊ တရုတ်နိုင်ငံနှင့်နေတိုးအဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံရေး စနစ်နှင့် တန်ဖိုးအမြင် မတူညီသော်လည်း နေတိုးအဖွဲ့မှ တရုတ်နိုင်ငံနှင့် ထိပ်တိုက် တွေ့ဆုံ ရန် လှုံ့ဆော်သော အကြောင်းပြချက်မဖြစ်သင့်ကြောင်း၊ မှန်ကန်သောလမ်းကြောင်းမှာ ဆွေးနွေးခြင်းကို အားဖြည့်ပြုလုပ်ရန်၊ သိရှိနားလည်မှုကို တိုးမြှင့်ရန်၊ အခြေခံ အပြန် အလှန် ယုံကြည်မှုကို တည်ဆောက်ရန်၊ မှားယွင်းသော မဟာဗျူဟာမြောက် အကဲဖြတ်မှုများကို ရှောင်ရှားရန် တို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Veldkampက မတည်မငြိမ်ဖြစ်နေသော နိုင်ငံတကာအခြေအနေကို ရင်ဆိုင်ရာတွင် နယ်သာလန် နိုင်ငံသည် တရုတ်နိုင်ငံနှင့် “ချိတ်ဆက်မှု ဖြတ်တောက်ခြင်း”ကို မထောက်ခံဘဲ တရုတ်နိုင်ငံနှင့် ကူးလူးဖလှယ်မှုကို ထိန်းထားကာ လက်တွေ့ကျသော နယ်သာလန်-တရုတ် ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ ဥရောပ-တရုတ် သဘောကွဲလွဲမှုသည် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုကို  အဟန့်အတား   မဖြစ်သင့်ကြောင်း၊ နယ်သာလန်သည် အပြုသဘောဆောင်သော ဥရောပ-တရုတ် ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်ရန် ထောက်ခံကြောင်း ပြောကြားခဲ့ ပါသည်။