မကြာသေးမီက ယူနန်ပြည်နယ် ရှစ်ဆောင်ပနားရှိXiaomo အမြန်လမ်းပေါ်တွင် အာရှတောဆင် အကောင် ၂၀ ကျော်သည် လမ်းကာများကို ဖြတ်ကျော်ကာ အဝေးပြေးလမ်းမကြီးပေါ်သို့ ရောက်လာ ကြသည်။ ဒေသဆိုင်ရာ ဌာနပေါင်းစုံမှ တာဝန်ရှိသူများက ၎င်းဆင်များကို ဘေးကင်းစွာ ကယ်ထုတ်နိုင် ရန် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။










