ရုရှားက အခြေချစခန်းတစ်ခုကို ထိန်းချုပ်ထားသည်ဟုဆို၊ ယူကရိန်းက ရှေ့တန်း အခြေအနေ တင်းမာနေဆဲဖြစ်သည်ဟုဆို

(GMT+08:00)2024-07-12 13:40:21  

ဒုံနက်စခ် ဒေသရှိ ဗိုစ်ဟို့ထ် အခြေချစခန်းကို ရုရှားစစ်တပ်မှ ထိန်းချုပ်နိုင်ခဲ့သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန် သည့် တိုက်ပွဲ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ လွန်ခဲ့သည့်နေ့က ရုရှားလက်နက်ကိုင်တပ်ဖွဲ့ အသီးသီးသည် ယူကရိန်းစစ်ဘက်ဆိုင်ရာ ဝန်ထမ်းများကို တိုက်ခိုက်ခဲ့ပြီး တင့်ကားများ၊ အမေရိကန်လုပ် ခြေလျင်တိုက်ခိုက်ရေးယာဉ်များနှင့် ဟောင်ဝစ်ဇာများ အပါအဝင် လက်နက်များ၊ ကိရိယာများနှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံများကို ဖျက်ဆီးခဲ့သည်။ ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များသည် မောင်းသူမဲ့လေယာဉ် ၂၄ စင်းနှင့် အမေရိကန်လုပ် HIMARS  ဒုံးကျည် ၅ စင်းတို့ကို ပစ်ချခဲ့သည်။

ထိုနေ့တွင်ပင် ယူကရိန်းတပ်မတော် စစ်ဦးစီးဌာနချုပ်က ရှေ့တန်းစစ်မျက်နှာတွင် တိုက်ပွဲပေါင်း ၆၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ရှေ့တန်း အခြေအနေ တင်းမာနေဆဲဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ဟာရ်ကိုးဗ် ဒေသတွင် ရုရှားစစ်တပ်သည် အိုဗ်ချန်းစ်ခ် နှင့် အခြားနေရာများသို့ တိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ပြီး ၎င်းတို့အားလုံး မအောင်မြင်ခဲ့ဟု ဖော်ပြ  ခဲ့သည်။