ဒီနေရာက သိုးနွားများဟာ တုံကင်ယူပြီး ဆရာဝန်ပြလို့ရပါတယ်

(GMT+08:00)2024-07-12 17:25:49  

အနောက်-အူးကျူးမုချင့်ဘန်နာဟာ တရုတ်နိုင်ငံမြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ရှီးလင်ကောလဲ့လိဂ် အရှေ့ဘက်မှာတည်ရှိတဲ့ ပုလဲလုံးပဲဖြစ်ပါတယ်။ ဒီနေရာမှာ ကျယ်ဝန်းတဲ့မွေးမြူရေးခြံရှိပါတယ်။ ဒီနေရာက သိုးနွားများ ရောဂါဖြစ်တဲ့အခါ “တိရစ္ဆာန်ဆေးရုံ” မှာ တုံကင်ယူပြီး ဆရာဝန်ပြနိုင်ပါတယ်။ ဓာတ်ခွဲစမ်းသပ်မှုနဲ့ ခွဲစိတ်မှုများ ပြုလုပ်နိုင်ရုံသာမက ဆေးရုံတင်ထားနိုင်ပါသေးတယ်။

၂၀၂၃ ခုနှစ်မှာ ဒေသခံ နိုမက်ဒစ်များ မွေးမြူထားသော တိရစ္ဆာန်များဆေးကုသရန် လက်တွေ့ လိုအပ်မှုကို အခြေခံပြီး အနောက်- အူးကျူးမုချင့်ဘန်နာဒေသမှာ နိုမက်ဒစ်များက “တိရစ္ဆာန်ဆေးရုံ” လို့ ခေါ်ဝေါ်သုံးနှုန်းခြင်းခံရတဲ့ မွေးမြူရေးတိရစ္ဆာန်ဆေးကုသရေးနှင့်သုတေသနသရုပ်ပြစင်တာကို တည်ဆောက်ခဲ့ပြီး ယင်းဒေသရဲ့ပထမဆုံး နွား၊ မြင်း၊ သိုးဆိတ် အစရှိတဲ့မွေးမြူရေးတိရစ္ဆာန်ကို အဓိက ကုသပေးတဲ့ တိရစ္ဆာန်ဆေးဝါးကုသရေးအဖွဲ့အစည်းပဲဖြစ်ပါတယ်။ တရားဝင်လည်ပတ် လုပ်ကိုင်လာပြီးနောက် တိရစ္ဆာန်ရောဂါရှာဖွေရေး၊ ဆေးကုသရေး၊ စမ်းသပ်စစ်ဆေးရေး၊ လေ့ကျင့်  ရေး၊ သုတေသနပြုရေးတို့ကို တစ်နေရာတည်းပေါင်းစပ်ထားသော ရောဂါရှာဖွေရေးနှင့်ကုသရေး သရုပ်ပြစင်တာဖြစ်လာပါတယ်။

တိရစ္ဆာန်ဆေးရုံဖွင့်လှစ်ရုံသာမက အနောက်-အူးကျူးမုချင့်ဘန်နာဒေသဟာ ၂၀၂၃ ခုနှစ်မှ စတင်ပြီး အကောင်ရေသောင်းချီဆံ့သော အသားစားနွားဆူဖြိုးစွာမွေးမြူရေးစခန်း တည်ဆောက်ခဲ့ ပါတယ်။ ယင်းစီမံကိန်းဟာ အသားစားနွာဆူဖြိုးရန် မွေးမြူခြင်း၊ သားသတ်၍ ကုန်ချောထုတ်ခြင်း၊ နည်းပညာဝန်ဆောင်မှု၊ ရောင်းချရေးတို့ကို ပေါင်းစည်းထားသော ကုမ္ပဏီကော်ပိုရေးရှင်းစနစ်ကို အသုံး ပြုထားပြီး ယင်းအကျိုးဆက်ကြောင့် အသားစားနွားမွေးမြူရေးအိမ်ထောင်စုပေါင်း ၁၅၀၀-၂၀၀၀ ကို စေ့ဆော်တွန်းအားပေးနိုင်ခဲ့ပြီး ဒေသခံမွေးမြူရေးသမားများ ကြီးပွားချမ်းသာရေးနဲ့ဝင်ငွေတိုးရေး အတွက် လမ်းကြောင်းအဖြစ် ဖန်တီးပေးခဲ့ပါတယ်။