တရုတ်နိုင်ငံတကာလေကြောင်းကုမ္ပဏီက ဘေကျင်းမှ ဒါကာသို့ တိုက်ရိုက်လေကြောင်းလိုင်းဖွင့်လှစ်

(GMT+08:00)2024-07-12 13:16:48  

ဒေသစံတော်ချိန် ယခုလ ၁၀ရက်နေ့ညက တရုတ် နိုင်ငံ ဘေကျင်းမြို့မှ ပျံသန်းသော ခရီးသည် တင် လေယာဉ် တစ်စင်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိပြီး ၎င်း လေယာဉ် အတွက် အထူပြင်ဆင်ပေးထားသော  "ရေတံခါး" ကို ဖြတ်သွားခဲ့ကြောင်း၊ တရုတ်နိုင်ငံ တကာ လေကြောင်းကုမ္ပဏီ၏ ဘေကျင်းမှ ဒါကာသို့ ပျံသန်းသည့် တိုက်ရိုက် လေကြောင်းလိုင်းကို တရားဝင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းအရ သိရပါသည်။

ယင်းလေကြောင်းလိုင်းကို အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနဲ့ သောကြာနေ့တိုင်း ဘိုရင်း ၇၃၇လေယာဉ်ဖြင့်  ပျံသန်းပြေးဆွဲမည်ဖြစ် ပြီး ပျံသန်းချိန် ၅နာရီခန့် ကြာ မြင့်ကြောင်း သတင်းအရ သိရပါသည်။