ယူကရိန်း အကျပ်အတည်း ဖန်တီးခြင်းနှင့် ပတ်သက်၍ တရုတ် နိုင်ငံ အပေါ် အပြစ် လွှဲချရန် နေတိုးအဖွဲ့အနေဖြင့် မကြံစည်သင့်

(GMT+08:00)2024-07-12 13:14:07  

ဒေသ စံတော်ချိန် ယခုလ ၁၀ရက်နေ့က နေတိုးအဖွဲ့ ဝါရှင်တန် ထိပ်သီး အစည်းအဝေးမှ ကြေညာချက်ကို ထုတ်ပြန်ပြီး တရုတ် နိုင်ငံသည် နေတိုးအဖွဲ့၏ အကျိုးစီးပွား၊ လုံခြုံရေးနှင့် တန်ဖိုး အပေါ် စိန်ခေါ်မှု ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် ရုရှား-ယူကရိန်း ပဋိပက္ခကို “အဆုံးအဖြတ်ပေးနိုင်သော အားပေးထောက်ခံသူ” ဖြစ်ပြီး အတ္တလန္တိတ် သမုဒ္ဒရာ ဖြတ်ကျော် လုံခြုံရေး အပေါ် စည်းစနစ်ကျသော စိန်ခေါ်မှု ဖြစ်ကြောင်းလည်း သွားပုပ်လေလွင့် ပြောဆိုပါသည်။ ယင်းသည် တရုတ် နိုင်ငံ အပေါ် နေတိုးအဖွဲ့မှ အပြစ်လွှဲချခြင်း ဖြစ်သည်။

ယခုအကြိမ် ထိပ်သီး အစည်းအဝေး မကျင်းပမီ နေတိုးအဖွဲ့သည် တရုတ် နိုင်ငံကို ပြစ်တင်ရှုတ်ချမှုနှင့် ခြိမ်းခြောက်မှုများကို အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီး တရုတ်-ရုရှား အကြားရှိ ပုံမှန် စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို သရုပ်ပျက်အောင်   ပြောကြားပြီး တရုတ် နိုင်ငံမှ ရုရှားအား စစ်ရေး အားပေးထောက်ခံမှုများကို ပေးအပ်သည် ဟုလည်း သွားပုပ်လေလွင့် ပြောဆိုခဲ့ပါသည်။

တရုတ် နိုင်ငံသည် ယူကရိန်း အကျပ်အတည်းကို ဖန်တီးသူ မဟုတ်သလို သက်ဆိုင်သူ လည်း မဟုတ်ပါ။ ယူကရိန်း ပြဿနာ အပေါ် တရုတ် နိုင်ငံ၏ အဓိက အကျဆုံးသော သဘောထား ရပ်တည်ချက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပခြင်းနှင့် နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် ဖြစ်ပါသည်။ ရုရှား-ယူကရိန်း အကျပ်အတည်း ဖြစ်ပွားခဲ့သည့် နောက်ပိုင်းတွင် တရုတ် နိုင်ငံသည် ရုရှား၊ သို့မဟုတ် ယူကရိန်းဘက်အား လက်နက် ပစ္စည်း များကို ပေးအပ်ခြင်း မရှိဘဲ စစ်ဘက်နှင့် အရပ်ဘက် နှစ်မျိုးသုံး ပစ္စည်းများ၏ တင်ပို့ ရောင်းချမှုကို အမြဲတစေ တင်းကျပ်စွာ စီမံထိန်းချုပ်ခဲ့ ပါသည်။ နိုင်ငံ တစ်နိုင်ငံ၏ အချုပ် အခြာ အာဏာပိုင်မှုနှင့် နယ်မြေတည်တံ့ခိုင်မြဲခြင်းကို လေးစားသင့်ကြောင်း၊ ကုလသမဂ္ဂ ပဋိညာဉ် စာချုပ်ပါ ရည်မှန်းချက်နှင့် အခြေခံမူများကို လိုက်နာကျင့်သုံးသင့်ကြောင်း တရုတ် နိုင်ငံက အပြည့်အဝ ယူဆပါသည်။ တရုတ်ဘက်သည် ရုရှား-ယူကရိန်း အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး အတွက် အကျိုးရှိသည့် ကြိုးပမ်းမှု မှန်သမျှကို အားပေးထောက်ခံပြီး ၄င်းအကျပ်အတည်းကို ဆောလျင်စွာ အဆုံးသတ်ရန် အပြုသဘောဆောင်သော၊ တာဝန်သိမှုရှိသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လိုသည်။ နေတိုးအဖွဲ့ အနေနှင့် အပြစ်လွှဲချခြင်းကို ရပ်စဲပြီး လက်တွေ့ကျသော ဆောင်ရွက်ချက်များဖြင့် အကျပ်အတည်း လျော့ပါးစေရန် တွန်းအားပေးသင့်သည်။