တရုတ်-ဥရောပ ကုန်စည်ပို့ဆောင်ရေး ရထားများသည် ဖွံ့ဖြိုးတိုးတက်မှု “အရှိန်” ရရှိ

(GMT+08:00)2024-07-11 13:26:15  

ယခုလ ၁၀ ရက်နေ့ နံနက်ပိုင်းက တရုတ်-ဥရောပ ကုန်စည်ပို့ဆောင်ရေးရထား (Wuhan-Duisburg) X8017 သည် Wujiashan ဘူတာမှ ထွက်ခွာသွားသည်နှင့်အမျှ ယခုနှစ်တွင် တရုတ်-ဥရောပ ကုန်စည်ပို့ဆောင်ရေး ရထားအရေအတွက်သည် ယမန်နှစ်ထက် ၁၉ ရက်စောပြီး အစီး ၁၀၀၀၀ ကျော်လွန်ခဲ့ပါသည်။ တရုတ်-ဥရောပ ကုန်စည်ပို့ဆောင်ရေးရထားများသည် လမ်းကြောင်းတလျှောက် စီးပွားရေးနှင့် ကုန်သွယ် ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ပလက်ဖောင်းအသစ်ကို တည်ဆောက်ပြီး လမ်းကြောင်း တစ်လျှောက်ရှိ ပြည်သူများ၏ နေထိုင်မှုဘဝနှင့် ချမ်းသာသုခကို မြှင့်တင်ပေးကာ ဥရောပထုတ်လုပ်သူနှင့် ကုန်သည်များ တရုတ်ဈေးကွက်သို့ ဝင်ရောက်လာရန်အတွက် ကုန်သွယ်မှုလမ်းကြောင်းသစ်ကိုလည်း ဖွင့်လှစ်ပေးခဲ့သည်ဟု သတင်းအရသိရပါသည်။