တရုတ်-ဘယ်လာရုစ် ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းသည် ပုံမှန်စစ်ရေးကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး မည်သည့်နိုင်ငံကိုမျှ ပစ်မှတ်ထားခြင်းမရှိဟု တရုတ် ဆို

(GMT+08:00)2024-07-11 13:42:41  

ဇူလိုင်လ ၁၀ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်သည် ပုံမှန်သတင်းစာရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့ပါသည်။ လက်ရှိအချိန်တွင် တရုတ်နှင့်ဘယ်လာရုစ် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နေတိုးအဖွဲ့ဝင်နိုင်ငံဖြစ်သည့် ပိုလန်နိုင်ငံ အနီး၌ ဆောင်ရွက်လျက်ရှိပြီး ယင်းသည် နေတိုးအဖွဲ့အား ရန်စရန် အပြုအမူဖြစ်သည်ဟု ပြောဆိုချက်နှင့်ပတ်သက်၍ သက်ဆိုင်ရာသတင်းထောက်၏မေးမြန်းချက်ကို ဖြေကြားရာ တွင် လင်းကျန့်က ယခုအကြိမ် တရုတ်နှင့်ဘယ်လာရုစ်တို့၏ ကြည်းတပ် ပူးတွဲ စစ်ရေး လေ့ကျင့်မှုသည် နှစ်နိုင်ငံ နှစ်စဉ် ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းအရ ဆောင်ရွက်သည် ဖြစ်ပြီး တရုတ်-ဘယ်လာရုစ်အကြား ပုံမှန်စစ်ရေးကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ကာ နိုင်ငံတကာဥပဒေ၊နိုင်ငံတကာ ကျင့်ထုံးများနှင့် ကိုက်ညီ၍ မည်သည့်နိုင်ငံကိုမျှ ပစ်မှတ်ထားခြင်းမရှိကြောင်း ပြောကြားခဲ့ပါသည်။