ထိုင်းဗဟိုရွေးကောက်ပွဲကော်မရှင်က ၂၀၂၄ အထက်လွှတ်တော် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကြောင်း ကြေညာ

(GMT+08:00)2024-07-11 13:27:06  

ဇူလိုင်လ ၁၀ ရက်နေ့တွင် ထိုင်းဗဟိုရွေးကောက်ပွဲကော်မရှင်က ၂၀၂၄ ခုနှစ် အထက်လွှတ်တော် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုကြောင်း ကြေညာခဲ့ပြီး အသိအမှတ်ပြုခံရသော လွှတ်တော် အမတ် ၂၀၀ ဖြင့် အထက်လွှတ်တော်အသစ်ကို ဖွဲ့စည်းမည်ဖြစ်သည်။

အထက်လွှတ်တော်အသစ်သည် လုပ်ငန်းပေါင်း ၂၀ မှ လွှတ်တော် အမတ် ၂၀၀ ဖြင့် ဖွဲ့စည်းထား သည်။ ယခင်အထက်လွှတ်တော် အမတ်များနှင့်မတူဘဲ အဆိုပါလွှတ်တော် အမတ် အသစ်များသည် ဝန်ကြီးချုပ်ကို ရွေးကောက်တင်မြှောက်ရန် အာဏာမရှိတော့သော်လည်း ဥပဒေပြုရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းများတွင် ဆက်လက်ပါဝင်ဆောင်ရွက် သွားမည်ဖြစ်သည်။ ထို့အပြင် ၎င်းတို့သည် သီးခြားလွတ်လပ်သော အဖွဲ့အစည်းများကို ခန့်အပ်ပြီး အစိုးရ၏ လုပ်ငန်းများကို ကြီးကြပ်သည့် တာဝန်လည်းရှိမည်ဖြစ်သည်။