၁၀ကြိမ်မြောက် နီရှမ်းကမ္ဘာ့ယဉ်ကျေးမှုဖိုရမ်ကို ရှမ်းတွန်းပြည်နယ် ချိုးဖူမြို့တွင် ဖွင့်လှစ်

(GMT+08:00)2024-07-11 14:14:37  

ဇူလိုင်လ ၁၀ရက်နေ့က ၁၀ကြိမ်မြောက် နီရှမ်းကမ္ဘာ့ယဉ်ကျေးမှုဖိုရမ်ကို ရှမ်းတွန်းပြည်နယ် ချိုးဖူမြို့နီရှမ်းတွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ဖိုရမ်၏ဆောင်ပုဒ်မှာ ရိုးရာယဉ်ကျေးမှုနှင့် ခေတ်သစ်ယဉ်ကျေးမှု ဖြစ်ပြီး  “ကမ္ဘာ့ယဉ်ကျေးမှုအဆိုပြုချက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ လူသားအားလုံး၏ ဘုံတန်ဖိုးများကို မြှင့်တင်ခြင်းနှင့် လူသားကံကြမ္မာတူအသိုက်အဝန်း တည်ထောင်ခြင်း”ကို ရည်ရွယ်ကြောင်း၊ ထို့အပြင် “ကမ္ဘာ့စိန်ခေါ်မှုအောက်တွင် ယဉ်ကျေးမှုကူးလူးဖလှယ်ရေး”စသည့် ခေါင်းစဉ် ၆ခုကို လည်း သတ်မှတ်ကြောင်း သတင်းအရ သိရပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီဥက္ကဋ္ဌ Bach က နီရှမ်းဖိုရမ်က ကူးလူးဖလှယ်ရေးဖြင့် ကမ္ဘာ့ယဉ်ကျေးမှုများအကြား သိရှိနားလည်ရေးကို နက်ရှိုင်းစေနိုင်ကြောင်း မိန့်ခွန်းပြောကြားခဲ့ပါသည်။