ရှီကျင့်ဖိန်သည် ဂီနီဘစ်ဆော်နိုင်ငံ သမ္မတ Embalo နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2024-07-11 13:25:16  

ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖိန်သည် ဘေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်ကြီး၌ တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ်ရောက်ရှိနေသော ဂီနီဘစ်ဆောနိုင်ငံ သမ္မတ Embalo နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ နှစ်နိုင်ငံထိပ်သီးခေါင်းဆောင်တို့သည် တရုတ်နှင့် ဂီနီဘစ်ဆော အကြား ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်ရန် သဘောတူညီခဲ့ကြပါသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ဂီနီဘစ်ဆောနိုင်ငံအား ၎င်း၏ ထူးခြားချက် ဝိသေသ နှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို ကိုယ့်ကိုယ်ကို ရှာဖွေရန် ထောက်ခံကြောင်း၊ ဂီနီဘစ်ဆောနိုင်ငံနှင့်အတူ အစဉ်အလာချစ်ကြည်ရေးကို ဆက်ခံရန်၊ နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုကို ခိုင်မာစေရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ရန် ဆောင်ရွက်လိုကြောင်း၊ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ အနှစ်သာရကို စဉ်ဆက်မပြတ် တိုးပွားစေပြီး ဂီနစ်ဘစ်ဆောနိုင်ငံအား ပိုမိုကောင်းမွန်သော နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရန် အထောက်အကူပြု ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။

Embalo က ဂီနီဘစ်ဆောသည် တရုတ်နိုင်ငံ၏ ကြီးမားသော ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုများကို ချီးကျူးလေးစားပြီး တရုတ်နိုင်ငံကို  သံတမန်ရေးရာ ထိပ်တန်း ဦးစားပေးမှု နှင့် အရေးအကြီးဆုံး မိတ်ဖက်အဖြစ်  သတ်မှတ်ထားကြောင်း၊ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု ကြံဆချက်များနှင့် အတွေ့အကြုံများမှ လေ့လာသင်ယူရန်နှင့် စီးပွားကုန်သွယ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ အခြေခံအဆောက်အဦ၊ ဓာတ်သတ္တုစွမ်းအင်စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန် မျှော်လင့်ကြောင်း၊ မိမိတို့သည် တရုတ်နိုင်ငံနှင့် အမြဲတစေ ခိုင်မြဲစွာ ရပ်တည်သွားမည်ဖြစ်ပြီး၊ တရုတ်နိုင်ငံတစ်နိုင်ငံတည်းသာရှိရေးမူကို ဦးလည်မသုန် စောင့်စည်းလိုက်နာကာ ထိုင်ဝမ်ရေးရာ အပါအဝင် အဓိက အကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်များတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို အခိုင်အမာ ထောက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။