တရုတ်နိုင်ငံတော်ကောင်စီ သတင်း ပြန်ကြားရေးရုံးမှ “တရုတ်နိုင်ငံ၏ ပင်လယ်ဂေဟပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး”စက္ကူစာတမ်းကို ထုတ်ပြန်

(GMT+08:00)2024-07-11 13:43:02  

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် ဇူလိုင်လ ၁၁ရက်နေ့ နံနက်၁၀နာရီက သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီး “တရုတ်နိုင်ငံ၏ ပင်လယ်ဂေဟ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး”စက္ကူစာတမ်းကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းစက္ကူစာတမ်းထဲတွင် တရုတ်နိုင်ငံ၏ ပင်လယ်ဂေဟပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အတွေးအခေါ်၊ လက်တွေ့ဖော်ဆောင်မှု နှင့်အောင်မြင်မှုများကို စနစ်တကျ ရှင်းလင်းဖော်ပြပါသည်။

စက္ကူဖြူ စာတမ်းထဲတွင် တရုတ်နိုင်ငံ၏ ပင်လယ်ဂေဟပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ လက်တွေ့ဖော်ဆောင်မှုများသည် စူးစမ်းရှာဖွေမှုများမှတစ်ဆင့် ရှေ့သို့ တိုးတက်နေကြောင်း၊ တရုတ်နှင့်ကမ္ဘာ့နိုင်ငံများသည် ပင်လယ်ဂေဟပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုင်ရာ သဘောတူညီချက်ကို တည်ဆောက်နေကြကြောင်း ရေးသားထားပါသည်။