စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ ၂ခုသည် ဖိလစ်ပိုင်က တောင်ပင်လယ် ဂေဟစနစ်ကို ဖျက်ဆီးသူ ဖြစ်ခြင်းအား သက်သေပြနေ

(GMT+08:00)2024-07-11 13:26:47  

လတ်တလော ရက်များတွင် တရုတ် အစိုးရသည် တောင်ပင်လယ်နှင့် ပတ်သက်သက်၍ အရေးကြီးသည့် အစီရင်ခံစာ ၂ခုကို ထုတ်ပြန်ခဲ့ပါသည်။ တစ်ခုသည် ၁၀ရက်နေ့က ထုတ်ပြန်ခဲ့သော “ဟွမ်ယန်-ကျွန်း ပင်လယ်ရပ်ဝန်း၏ ဂေဟဗေဒပတ်ဝန်းကျင်အခြေအနေ ရေးရာ စုံစမ်း စစ်ဆေးမှုနှင့် အကဲဖြတ် အစီရင်ခံစာ" ဖြစ်သည်။ နောက်တစ်ခု က “Ren’ai Reef ကျွန်း၌ တရားမဝင် ‘သောင်တင်နေသော’ စစ်သင်္ဘောကြောင့် ပျက်စီးခဲ့သည့် သန္တာကျောက်တန်း ဂေဟစနစ် စစ်ဆေးမှုအစီရင်ခံစာ” ဖြစ်ပါသည်။ ယင်း အစီရင်ခံစာ ၂ခုတွင် ပရော်ဖက်ရှင်ကျပြီး တိကျသေချာသော စုံစမ်းစစ်ဆေးမှုများဖြင့် ဟွမ်ယန်-ကျွန်းနှင့် Ren’ai Reef ကျွန်း၏ ဂေဟစနစ် အခြေအနေကို အသီးသီး သုံးသပ်ပြီး မတူခြားနားသည့် ကောက်ချက်များ ချခဲ့ပါသည်။  သက်ဆိုင်ရာ ကောက်ချက်များ အရ ဟွမ်ယန်ကျွန်း ပင်လယ်ရပ်ဝန်း၏ ပတ်ဝန်းကျင် အခြေအနေ ကောင်းမွန်ပြီး သန္တာ ကျောက်တန်း ဂေဟစနစ်လည်း ကောင်းမွန်ကြောင်း၊

 

Ren’ai Reef ကျွန်း၏ ဂေဟစနစ် ကတော့ ဆိုးရွားသော ဖျက်ဆီးမှု ခံခဲ့ရကြောင်း၊ အဓိက အကြောင်းရင်းမှာ ဖိလစ်ပိုင် စစ်သင်္ဘော၏ တရားမဝင် “သောင်တင်ခြင်း”နှင့် သက်ဆိုင်ရာ လူသား လှုပ်ရှားမှုများကြောင့် ဖြစ်ကြောင်း သိရပါသည်။

“ဟွမ်ယန်-ကျွန်း ပင်လယ်ရပ်ဝန်း၏ ဂေဟဗေဒ ပတ်ဝန်းကျင်အခြေအနေ ရေးရာ စုံစမ်း စစ်ဆေးမှုနှင့် အကဲဖြတ်အစီရင်ခံစာ"၏ ရလဒ်သည် တရုတ် နိုင်ငံ၏ အဏ္ဏဝါ ဂေဟစနစ်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ အောင်မြင်မှုများကို ပြသနေပါသည်။ လွန်ခဲ့သည့် နှစ်များတွင် သက်ဆိုင်ရာ စည်းမျဉ်း ဥပဒေများကို ချမှတ်ခြင်းနှင့် ကျင့်သုံးခြင်း မှသည် သိပ္ပံနည်းကျ သုတေသနနှင့် ဂေဟ စနစ် ပြန်လည်ပြုပြင်မွမ်းမံခြင်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်ဆောင်ရွက်ခြင်း အထိ တရုတ် နိုင်ငံသည် တောင်ပင်လယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတွင် ဆောင်ရွက်ချက်များစွာ ပြလုပ်ခဲ့ပါသည်။ ဖိလစ်ပိုင်ဘက် ကတော့  တရားမဝင် ငါးဖမ်းခြင်း စသည်များကို အဆက်မပြတ် ပြုလုပ်ပြီး တောင်ပင်လယ်၏ ဂေဟစနစ်ကို ဆိုးရွားစွာ ဖျက်ဆီးခဲ့ပါသည်။

ဖိလစ်ပိုင်သည် တောင်ပင်လယ် ပတ်ဝန်းကျင်ကို ဖျက်ဆီးသူ ဖြစ်သည်။ ယင်းအဖြစ်မှန်ကို ၄င်းက မငြင်းပယ်နိုင်ပါ။ ဖိလစ်ပိုင် အနေနှင့် ယင်းကို ပြန်လည် သုံးသပ်ပြီး တရားမဝင် ‘သောင်တင်နေသော’ စစ်သင်္ဘောကို ပြန်ဆွဲကာ ညစ်ညမ်းမှု အရင်းအမြစ်ကို ကင်းစင်စေသင့်သည်။ အဏ္ဏဝါ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးသည် လူသားတို့၏ ချမ်းသာသုခနှင့် သက်ဆိုင်သည်။ တောင်ပင်လယ် ပြဿနာသည် နိုင်ငံ အချို့မှ ပထဝီဝင် အရ နိုင်ငံရေး ခုခံယှဉ်ပြိုင်မှုကို ဆောင်ရွက်ပြီး ကိုယ်ကျိုးစီးပွားကို အကောင်အထည် ဖော်ဆောင်သည့် နိုင်ငံရေး လက်ကိုင်တုတ် မဖြစ်သင့်ပါ။